Professional Authors

မုန်းမာန်စွယ်ပွား – နရီထက်

အတ္တတွေ ခါးနေရင်
မာန နှင့် ရေရောလို့
နှလုံးသားရဲ့ တောင်းဆိုချက်တွေ
ဦးနှောက်က လိုက်မမှီအောင်
စိတ်ကို ဦးညွတ်စေဖို့နေနေသာသာ
အပြင်းစား အတ္တတွေပဲ
မရိုးနိုင်အောင် တစ်နေ့တစ်မျိုး
ပြင်းပြင်းရှရှ မျိုသောက်ခဲ့တယ်

ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ
ဘယ်နားရယ်မသိ
အဝေးလွင့်စင်ထွက်ပြေးသွားတဲ့
မှန်စအပိုင်းအကွဲတွေလား
အမုန်းကို အဆွယ်ပွားလို့
ရေသောက်မြစ်တောင်
ဖြစ်နေလောက်ပေါ့
အမြစ်တွေတွယ်လို့
မုန်းမာနတွေကို
ရေမချိုး ချေး(ကြေး) မကျွတ်ခဲ့တာ
ကြာခဲ့လှပေါ့. . .

လက်မမြှောက် အရှုံးမပေးချင်သူကို
ဒူးထောက်စေချင်တာ
ငါ့ အတ္တ. . .
စိတ်ဓါတ်တွေအပျော့စားဖြစ်လို့
ငါ့ အရှေ့ အညံခံစေချင်တာ
ငါ့ မာန. . .
ဌက်တစ်ကောင်ကို အတောင်တွေဖြတ်
မပျံနိုင်အောင် လုပ်ခဲ့ပြီးမှ
လှောင်အိမ်ထဲ သွင်း
တွေးတစိမ့်စိမ့်နှင့်
အလှကြည့်စေချင်တာ
ငါ့ မုန်းမာန်တွေ. . .
ကမ္ဘာအလယ်ဗဟိုက
မီးလျှံစတွေနှင့်အတူ
ပေါက်ဖွားရှင်သန်နေဆဲပါ။

ငါထက်ပို မနာလို
သူ့စာမျက်နှာမှာ GOOD မရစေချင်
ငါ့ စာမျက်နှာမှာ NICE ထပ်စေချင်
သူက မှန်ရင်
ရွာအပြင်မှာ ထားစေချင်တာ
ငါ့ ဒေါသ. . .
မျက်ကန်းတစ္ဆေတွေ
ငါ့အနား ၀ိုင်းနေချင်တာ
ငါ့ဆန္ဒ. . .
အရာအားလုံးက
ခတွားဝပ်ထွားစေချင်တာ
မပြည့်စုံသေးတဲ့
ငါ့ ရည်မှန်းချက်တွေပါ။

ဒုက္ခဆိုတာ မခံစားတတ်လို့
သူကို ဆူးလမ်းမှာ လျှောက်စေချင်တာ
သွေးစတွေ မြင်မှာ
ရယ်ချင်တာပါ
ငိုစရာ မကြုံဘူးလို့
Dram ဇာတ်လမ်းတွေ အတိုက်သွင်းလို့
မျက်ရည်တွေကျမှ
ဝမ်းသာချင်တာပါ
ငါ့တစ်ယောက်တည်း
သုခပုံပေါ်မှာ
အိပ်စက်ခဲ့တာ ကြာခဲ့ပြီး။     ။

နရီထက်
( ၁၇ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment