Professional Authors

သွေး – နရီထက်

ပင်မ နှင့် ဆဲလ် အတူတူနေတော့
သွေးသားတွေ တစ်ထပ်တည်း ကျတယ်
ကွဲမရတဲ့ သွေး စကားပြောတဲ့အခါ
ရင်ထဲက နာရတယ်
ပျက်ရိုးမရှိတဲ့ မြို့ရိုး
အုတ်တစ်ချပ်ဖြစ်ဖြစ် သဲတစ်ပွင့်ဖြစ်ဖြစ်
အစားထိုးဆက်ခံကြတယ်
စည်းလုံးခြင်းကို သွေးခွဲကြတဲ့အခါ
သာယာတဲ့အိမ်ကလေး လဲပြိုနိုင်တယ်
ယဉ်ကျေးမှု အသိုင်းအ၀ိုင်းမှာ
ခြေမကောင်း ခြေမ လက်မ မကောင်း လက်မ
ပြတ်တောက်ခွင့် ရကြလား
သွေးအေးအေးနှင့် ဘေးစကားတွေက
မျိုးရိုးဗီဇထဲ စိမ့်ဝင်လာတဲ့အခါ
ပြသနာဆိုတဲ့ နာမကျန်းခြင်းက စတော့တယ်
ဘေးထွက်မရတဲ့ အတွေးထဲမှာလည်း
သွေးဆူပွက်တယ်
ငြိမ်းချမ်းကို သွေးအေးအေးက ယူဆောင်မပေးလေသရော့…
အဖြူနှင့် အမဲ ရေရေရာရာ မသိတော့လည်း
ကြွားလုံးထုတ်ချက်က …
သွေးတွေ နီမြန်းရဲနေတယ် ပြောတတ်ကြတယ်
တစ်ဖက်ဆဲလ် ကောင်းနေချိန်မှာ
ငါတို့ဖက်က ဆဲလ်တွေ အားမလျော့ဖို့တော့ လိုတယ်
မျက်စိလည်နေတဲ့ ညအမှောင်ကို
ပိုးစုန်းကြူးမီးလောက်နဲ့ ပြသနာမရှာစမ်းပါနဲ့ဗျာ..
ဟားတိုက်ချင်တဲ့ လောကလောက်နဲ့
ဒီသွေးသားတွေကို တစ္ဆေမခြောက်လိုက်နဲ့…
မေတ္တာတရား အကြင်နာတရားတွေနှင့်
ဝိုင်းရံနေတဲ့ သွေးသားထဲမှာ ပင်မဆဲလ်တွေ စီးဆင်းခွင့်ပြုလိုက်စမ်းပါ
ပင်မ နှင့် ဆဲလ် အတူတူနေတော့
သွေးသားတွေ တစ်ထပ်တည်း ကျတယ်။     ။

နရီထက်
( ၁၁ ၊ ဇန်န၀ါရီလ ၊ ၂၀၁၂ )

In: ကဗျာ Posted By: Date: Jan 11, 2012
Comment #1

ကဗျားရေးထားတာ မိုက်တယ်ဗျာ ။ကြိုက်တယ် ဆန်းလည်း ဆန်းတယ်နော် ……

သွေးအေးအေးနှင့် ဘေးစကားတွေက
မျိုးရိုးဗီဇထဲ စိမ့်ဝင်လာတဲ့အခါ
ပြသနာဆိုတဲ့ နာမကျန်းခြင်းက စတော့တယ်
ဘေးထွက်မရတဲ့ အတွေးထဲမှာလည်း
သွေးဆူပွက်တယ်

မျက်စိလည်နေတဲ့ ညအမှောင်ကို
ပိုးစုန်းကြူးမီးလောက်နဲ့ ပြသနာမရှာစမ်းပါနဲ့ဗျာ..
ဟားတိုက်ချင်တဲ့ လောကလောက်နဲ့
ဒီသွေးသားတွေကို တစ္ဆေမခြောက်လိုက်နဲ့…
မေတ္တာတရား အကြင်နာတရားတွေနှင့်
ဝိုင်းရံနေတဲ့ သွေးသားထဲမှာ ပင်မဆဲလ်တွေ စီးဆင်းခွင့်ပြုလိုက်စမ်းပါ..အဲ့အပှဒ်လေးတွေ ကြိုက်တယ် ။ အားပေးသွားတယ်နော်။

commentinfo By: thuya at Jan 11, 2012
Comment #2

မျက်စိလည်နေတဲ့ ညအမှောင်ကို
ပိုးစုန်းကြူးမီးလောက်နဲ့ ပြသနာမရှာစမ်းပါနဲ့ဗျာ..
ဟားတိုက်ချင်တဲ့ လောကလောက်နဲ့
ဒီသွေးသားတွေကို တစ္ဆေမခြောက်လိုက်နဲ့…
မေတ္တာတရား အကြင်နာတရားတွေနှင့်
ဝိုင်းရံနေတဲ့ သွေးသားထဲမှာ ပင်မဆဲလ်တွေ စီးဆင်းခွင့်ပြုလိုက်စမ်းပါ

commentinfo By: May Kha at Jan 11, 2012
Comment #3

ကိုနရီထက်
အားပေးနေလျှက်ပါ

commentinfo By: အသဲကွဲမိုး at Jan 11, 2012
Comment #4

အကို..အမြဲတမ်း အားပေးနေပါတယ်

commentinfo By: poem.poem28 at Jan 11, 2012
Comment #5

အားပေးသွားပါတယ်ဗျာ

commentinfo By: ရွှေကြယ်မိုး at Jan 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment