Professional Authors

ငါ တားထားတဲ့ စည်း – နရီထက်

ကမ္ဘာကြီးအစကလို့
တစ်ခြံနှင့်တစ်ခြံ စည်းရိုးမရှိလို့
အမှတ်တစ်ခုအနေနှင့်
ကြိုးတန်းလေး ခြားလိုက်တယ်

လွတ်လပ်မှုက တွေးဝေလာလို့
ခြားနားမှုဆိုတဲ့ ခြံစည်းရိုးက
ကာရံခြယ်မှုန်း အလှဆင်လိုက်တယ်
စိတ်ချရပြီး. . .

ိကိုယ့်ထုတ်တဲ့စည်း
တစ်ဖက်နှင့်တစ်ဖက်
ခြံမကျော်ချင်လို့
ရန်သူတွေ ထင်မှတ်စေတယ်

လက်က ချရေးပေမဲ့
သည်စိတ်နှင့် သည်ဦးနှောက်က
ကိုယ်ထုတ်တဲ့စည်း
ဖောက်ချင်တဲ့ ခြေထောက်တွေက
တားမရခဲ့ဘူး

အများအမြင်မှာ
အမှန်တွေမြင်ဖို့
စည်းဝိုင်းတားကြည့်တဲ့အခါ
တစ်ခါတစ်ရံမှာ
ငါက စည်းဝိုင်းထဲ
တစ်ခါတစ်လေမှာတော့
ငါက စည်းဝိုင်းအပြင်. . .
အလေ့မကျတဲ့ စိတ်အမြစ်တွေကြောင့်ပါ

စည်းဝိုင်းထဲမှာ ငါမှန်နေသလို့
စည်းဝိုင်းအပြင်မှာ ငါမှားနေသလို့
စည်းဝိုင်းထဲမှာ မာနတစ်ခုလို့
စည်းဝိုင်းအပြင်မှာ ပြစ်တင်ဝေဖန်သလို့
စည်းဝိုင်းထဲမှာ လက်မထောင်နေသလို့
စည်းဝိုင်းအပြင်မှာ အထီးကျန်နေသလို့
ငါစည်းနှင့် ငါ့ဘ၀ကို
ငါကိုယ်တိုင် တားလိုက်တဲ့
စည်းဝိုင်း တစ်နေရာလား. . . ။      ။

နရီထက်
( ၁၅ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment