Professional Authors

နယ်သစ်လွန် နယ်မြေတစ်ခုက အလွမ်းပြတိုက် – နရီထက်

ပြတိုက်ကို စ ၀င်စက
မှိန်ပြပြ ရင်ထဲက
တက်လာတဲ့ ဆွေးသိစိတ်က
ဆက်ပြီး လေ့လာခဲ့ချင်တယ်. . .

ခြောက်ခမ်းသွားတဲ့မျက်ရည်စတွေနှင့်
လက်နှစ်ဖက်ကို ဆန့်တန်းထားတဲ့ သစ်ပင်အိုရယ်
အလွမ်းဒဏ်ရာကြောင့် ချစ်တစ်ဝက်နှင့်
ကိုက်ဖဲ့ခံခဲ့ရတဲ့ ပန်းသီးကြွေတစ်လုံးရယ်
တိမ်နီညိုတွေနှင့် မျှော်လင့်ခြင်းတိမ်ပြာကို
ဖုံးအုပ်နေတဲ့ ထောင့် တစ်နေရာက
လူသူ အကြည့်နည်းနေခဲ့တဲ့ ပန်းချီကားတစ်ချပ်ရယ်
ချစ်သူအတွက် ပေးဖို့ကောက်ခဲ့တဲ့
လေးထောင့်မှန်ဝိုင်းမှာ ထည့်သွင်းထားတဲ့
နွမ်းလျ ပန်းကြွေတွေရယ်
ချစ်သူအတွက် ရေးသက်ဆက်ခဲ့တဲ့
စုတ်ပြတ်သပ်နေတဲ့ ဖွင့်လှန်ပြီး ထိုင်ခုံတစ်ခုပေါ်မှာ
ပြလှစ်ထားတဲ့ ဒိုင်ယာရီတစ်အုပ်ရယ်. . .

ဟူး. . . ပြတိုက်အလယ်မှာ
ငါ့ ခေါင်းတွေ မူးရစ်နေပြီး
သိစိတ်တွေရယ် အဝေးကိုလွင့်ပျံ. . .
မှိန်ပြပြ လင်းတစ်မှိတ်တွေကြား. . .
ထိန်းချုပ်မရ ငါ့စိတ်တွေ
အဝေးကို ထွက်ခွင့်ပြုပါ. . .
အဝေးကို ထွက်ခွင့်ပြူပါ. . .
လွမ်းပြတိုက်ရယ်. . .။     ။

နရီထက်
( ၂၅ ၊ စက်တင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Sep 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment