Professional Authors

ကြယ်ကြွေကောက်တဲ့ တစ္ဆေ

အချစ်….
မကောင်းဆိုးဝါးတစ်ကောင်…
ကြယ်တွေတစ်စ
ငါ့ကိုခြောက်လှန့်နေတုန်းပဲ…….

 

ငါခုထိကြိုးစားမိတယ်
ကြွေသွားတဲ့ကြယ်ကိုကောင်းကင်ကြီးမှာပြန်တပ်ဖို့ပေါ့…
သူ့ခမြာ အစွမ်းကုန်လင်းခဲ့ပေမယ့်
ကြွေချိန်ရောက်တော့ ကောင်းကင်ကြီးကခါချခံခဲ့ရတယ်
ကောင်းကင်ကြီးကတော့ ငုံ့ကြည့်ဖော်တောင်မရပါဘူး
အားမငယ်ပါနဲ့ ကြယ်ကြွေလေးရယ်
ငါလဲမင်းလိုပါပဲ………

မကောင်းဆိုးဝါးတစ်ကောင်
လိမ္မာလာအောင်တရားပြဖို့ငါကြိုးစားတယ်
ကောင်းမှုတွေသူပြုခဲ့ပေမယ့်
တကယ်တန်းကျတော့ သေဆုံးချိန်မှာ
မကောင်းဆိုးဝါးအဖြစ် အပြစ်ပေးခံခဲ့ရတယ်
စိတ်မပျက်ပါနဲ့ တစ္ဆေလေးရယ်
ငါလဲမင်းလိုပါပဲ

အချစ်…
သူနဲ့အဝေးဆုံးကိုပြေးဖို့ငါကြိုးစားတယ်
သူကငါ့ကို ကြယ်ကြွေလိုတန်ဖိုးမဲ့စေတယ်
တစ္မေတစ်ကောင်လိုခါးသက်စေတယ်
မပူပါနဲ့ အချစ်ဆိုတဲ့ခံစားချက်ရယ်
ငါဘယ်လောက်ပြေးပြေး
မင်းလက်ကလွတ်မယ်မထင်ပါဘူး…
မင်းကြိုက်သလိုစီရင်လှည့်တော့
သေချာတာတော့
ကြယ်ကြွေကိုကောင်းကင်မှာပြန်ထားမရသလို
ငါဆိုတာလဲ……
သူ့ရင်မှာ ဘယ်တော့မှ ရှင်သန်လာမှာမဟုတ်တော့ပါဘူး

 

ကံတရားရယ်….
မင်းသိပ်ရက်စက်တယ်…………..။            ။

In: ကဗျာ Posted By: Date: Aug 15, 2011
Comment #1

ကောင်းတယ်ဗျာ
အားပေးနေပါတယ် ကိုလွမ်းနောင်

Comment #2

har……………
twar par p kwar………..
yet sat like tar.

nice poem.

commentinfo By: ei lay at Aug 15, 2011
Comment #3

အားပေးသွားပါတယ် ..ကိုလွမ်းနောင်။

commentinfo By: chityellusoelay at Aug 15, 2011
Comment #4

ငါခုထိကြိုးစားမိတယ်
ကြွေသွားတဲ့ကြယ်ကိုကောင်းကင်ကြီးမှာပြန်တပ်ဖို့ပေါ့…
သူ့ခမြာ အစွမ်းကုန်လင်းခဲ့ပေမယ့်
ကြွေချိန်ရောက်တော့ ကောင်းကင်ကြီးကခါချခံခဲ့ရတယ်
ကောင်းကင်ကြီးကတော့ ငုံ့ကြည့်ဖော်တောင်မရပါဘူး
အားမငယ်ပါနဲ့ ကြယ်ကြွေလေးရယ်
ငါလဲမင်းလိုပါပဲ………

အထီးကျန်ကြယ်ကြွေတစ်လုံးအတွက်
လက်ဆောင်က နောက်ထပ်ကြယ်ကြွေတစ်လုံး 🙂

commentinfo By: နတ်သမီး at Aug 16, 2011
Comment #5

သေချာတာတော.ကြယ်ကြွေကိုကောင်းကင်မှာပြန်ထားမရသလို
ငါဆိုတာလဲသူ.ရင်မှာဘယ်တော.မှရှင်သန်လာမှာမဟုတ်တော.ဘူး
အရမ်းကောင်းပါတယ်အားပေးသွားတယ်နော်

commentinfo By: htethtet at Aug 16, 2011
Comment #6

မကောင်းဆိုးဝါးတစ်ကောင်
လိမ္မာလာအောင်တရားပြဖို့ငါကြိုးစားတယ်
ကောင်းမှုတွေသူပြုခဲ့ပေမယ့်
တကယ်တန်းကျတော့ သေဆုံးချိန်မှာ
မကောင်းဆိုးဝါးအဖြစ် အပြစ်ပေးခံခဲ့ရတယ်
စိတ်မပျက်ပါနဲ့ တစ္ဆေလေးရယ်
ငါလဲမင်းလိုပါပဲ
…………………………………………
ကိုလွမ်းနောင်…ဘာမှမပြောခဲ့တော့ဘူး..heart ထိတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Aug 16, 2011
Comment #7

အချစ်…
သူနဲ့အဝေးဆုံးကိုပြေးဖို့ငါကြိုးစားတယ်
သူကငါ့ကို ကြယ်ကြွေလိုတန်ဖိုးမဲ့စေတယ်
တစ္မေတစ်ကောင်လိုခါးသက်စေတယ်
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 16, 2011
Comment #8

ငါခုထိကြိုးစားမိတယ်
ကြွေသွားတဲ့ကြယ်ကိုကောင်းကင်ကြီးမှာပြန်တပ်ဖို့ပေါ့…
သူ့ခမြာ အစွမ်းကုန်လင်းခဲ့ပေမယ့်
ကြွေချိန်ရောက်တော့ ကောင်းကင်ကြီးကခါချခံခဲ့ရတယ်
ကောင်းကင်ကြီးကတော့ ငုံ့ကြည့်ဖော်တောင်မရပါဘူး
အားမငယ်ပါနဲ့ ကြယ်ကြွေလေးရယ်
ငါလဲမင်းလိုပါပဲ………

commentinfo By: May Kha at Aug 16, 2011
Comment #9

ကြယ်ကြွေတစ်လှည့် ထွန်းလင်းတစ်လှည့်
ရှိခဲ့ပြန်တစ်ဖန်
အချစ် အမုန်း မဆုံးကာတစ်လှည့်
ဒီသံသရာကြောမှာဖြင့်
လူ့ဘုံဘ၀ရောက်ခဲ့ကြအခါခါ
ကြုံဆုံသမျှ တရားသဘောနဲ့ဆင်ခြင်
အရာအားလုံးဟာ
အနစ္စတွေပါတကား……

commentinfo By: manawphyulay at Aug 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment