Professional Authors

ငါ့အချစ်နဲ့  ငါ

မတော်တဆ ချော်ကျလာတဲ့ 
မင်းနှုတ်ဖျားက အကြင်နာစကားတွေကို
ငါ့ရင်မှာ တကယ်ထင်ပြီး
မျှော်လင့်မိနေတဲ့ 
မင်းမချစ်ခဲ့ တဲ့ ငါက
မင်းနဲ့ ပက်သက်လာရင်
မွေးရက်ကအစ
ကျက်ထားတတ်ခဲ့ တာ
မင်းမျက်နှာကိုတောင်
ဖတ်တတ်နေခဲ့ တာ ပါ….။

ဒါတွေကိုမသိဘဲ
မင်း heart ထိတဲ့ ကောင်မလေးနဲ့ 
အောင်သွယ်ပေးပါလို့ 
ပြောလာချိန်မှာလဲ ငါ
ရင်နာနာနဲ့  လိုက်လျောခဲ .တယ်

အချိန်နဲ့  အမျှ မင်းတစ်ယောက်ကို ပဲ
ကြည့်နေခဲ့ တဲ့  ငါ
ရင်ထဲမှာ မောလာလို့ 
နောက်လှည့် ကာ ကျောပေးတော့မှပဲ
” မင်း ငါ့ကို ဘယ်နှစ်ခါများ အလေးထားခဲ့ဖူးလဲ ” တဲ့ ။

အဟား
စွပ်စွဲစကားက ငါ့နှလုံးသားထဲ မှာ
နင့်ခနဲ ပဲ
ဖျတ်ခနဲ ကျလာတဲ့ 
ပါးထက်က မျက်ရည်စက်
ငါ့လက်နဲ့  သုတ်ရမှာတောင် ရှက်မိတယ်။

မင်းအတ္တအတွက်
အသုံးချရုံ သက်သက်နဲ့ 
ပက်သက် ခဲ့ တဲ့ မင်းကို
စိတ်မနာရက်တော့ လည်း….

ဖြူစင်တဲ့ငါ့မေတ္တာကို
မြင်သာအောင် colour မတင်မိတဲ့
ငါ့အပြစ်မို့ 
ငါ့ အချစ်နဲ့ ငါသာ
ရှိပါစေတော့ကွာ…။

In: ကဗျာ Posted By: Date: Nov 15, 2010
Comment #1

ဝါး
ကောင်းလိုက်တဲ့ကဗျာ
တော်တယ်ကွာ

commentinfo By: ဖြိုး at Nov 15, 2010
Comment #2

တကယ်မိုက်တယ်

commentinfo By:ုkyikyiwin at Jun 26, 2011
Comment #3

မင်းအတ္တအတွက်
အသုံးချရုံ သက်သက်နဲ့ 
ပက်သက် ခဲ့ တဲ့ မင်းကို
စိတ်မနာရက်တော့ လည်း….ဆက်ချစ်နေတော့ပေါ့နော် … ဟိဟိ

commentinfo By: chityellusoelay at Aug 17, 2011
Comment #4

oh,,god,
sorry to know,

commentinfo By: ei lay at Mar 28, 2012
Comment #5

ဖြူစင်တဲ့ငါ့မေတ္တာကို
မြင်သာအောင် colour မတင်မိတဲ့
ငါ့အပြစ်မို့ 
ငါ့ အချစ်နဲ့ ငါသာ
ရှိပါစေတော့ကွာ…။

ကို့အချစ်နဲ့ မထိုက်တန်သေးဘူးလို့သာမှတ်လိုက်ပါ… အချိန်က စကားပြောပါလိမ့်မယ်… အချစ်စစ်အတွက် အသစ်တွေရောက်လာမှာပါ…. အရာရာအဆင်ပြေပါစေဗျာ….

commentinfo By: deadxromeo at Mar 28, 2012
Comment #6

hote de,,hote de
tont pyan hmu tine hmar tu nyi de tan pyan hmu shi de,,
a tont a hle so tar shi de,,
kou pyu de kan koh htan pyan hmar pe,
thu le wit le hmar pe,,
thu soe tine kou ka ka like soe yin koh be nit nar de,
kwint hlut chin har a kaung sone lat sar chay chin de,

commentinfo By: ei lay at Mar 28, 2012
Comment #7

အောက်ဆုံးပိုဒ်လေးက အထိဆုံးဘဲ..ကဗျာလည်း တော်တော်ကောင်းပါတယ်.

commentinfo By: biocels at Mar 28, 2012
Comment #8

စွပ်စွဲစကားက ငါ့နှလုံးသားထဲ မှာ
နင့်ခနဲ ပဲ
ဖျတ်ခနဲ ကျလာတဲ့ 
ပါးထက်က မျက်ရည်စက်
ငါ့လက်နဲ့  သုတ်ရမှာတောင် ရှက်မိတယ်။
ဒီစာသားလေးအရမ်းကြိုက်တယ်…..တစ်ပုဒ်လုံးလဲကောင်းပါတယ်…
အားပေးသွားတယ်နော်…..

commentinfo By: ကြယ်စင်နတ်သမီး at Mar 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment