Professional Authors

သိက္ခာရယ် ရိက္ခာရယ် – နရီထက်

တော်စေချင်လို့ ရှေ့ထွက်ဆို
စင်ပေါ်တက်ဖို့တော့
ခဏ စောင့်ရအုန်းမယ်

စည်းကမ်းရှိပါဆိုတဲ့ ဆိုင်းဘုတ်တစ်ခု
သူ့ပတ်လည်က ခြံစည်းရိုးက
ပျက်ယွင်းနေတယ်

ပန်းမခူးရ သတိပေးချက်
တကယ့်တမ်းက
မြေခင်းပြင်ပဲ ကျန်တော့တယ်

ခ၀ါချတဲ့ ပွဲတစ်ခု
ပြိုင်ပွဲတစ်ခုလို့ သတ်မှတ်ရင်
အဖြူနှင့် အနက်တွေကြား
မျက်စေ့က မီးခိုးရောင်ပဲ
မြင်တော့တယ်

အမှန်တွေက
စကားမပြောတတ်တော့ဘူး
ကြားနာခွင့်တော့ ရှိတယ်

တကယ့်ဖြစ်ချင် တကယ့်လုပ်
အဟုတ်ဖြစ်ရမည်
စာခိုးချတာတွေ များနေတော့
စာကျက်ချင်စိတ် မရှိတော့ဘူး

တိုးတက်မှုက
မျှားညွန့်ဆိုင်းဘုတ်လား
ရှေ့နားမှာ ရှိလို့လား
ဒီနားမှာတင် မရှိနိုင်လို့လား။     ။

နရီထက်
( ၁၃ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 13, 2010
Comment #1

အမှန်တွေက
စကားမပြောတတ်တော့ဘူး
ကြားနာခွင့်တော့ ရှိတယ်

commentinfo By: myatchit at Nov 13, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment