Professional Authors

ကမ္ဘာ့လဆန်း တစ်ရက်နေ့ 

အာခေါင်တွေခြောက်ကပ်နေအောင်
ငတ်မွတ်ခဲ့ရတဲ့စကားလုံးတွေ
ရင်ဘတ်ထဲမှာ ခေါင်းပါးနေခဲ့ကြ
ငါမင်းကိုဘယ်လိုပြောပြရမလဲ
(လွမ်းမိတဲ့အကြောင်းတွေ………
…………………………………………)

အပေအတေလိုကောင်ပါ
အမြင့်ပျံပြဖို့ အတောင်ပံတွေမဲ့
ကျောက်ခင်းရင်ဘတ်နဲ့ မြေမှုန်အထပ်ထပ်ကြားမှာ
(အိမ်မက်တွေ………)
ဒဏ်ရာနက်ခဲ့တယ်………..
…………………………………….

မှီမကမ်းလက်အစုံဆန့် တန်းပြီး
အရူးအမူးတပ်မက်
ဟိုးကောင်းကင်ထက်က အမြင့်ဆုံးကြယ်
လက်ခုပ်တီးပြီးခြွေချ
(ကမ္ဘာ့လဆန်း တစ်ရက်နေ့ မှာတော့…..)
ကြွေကျတန်ကောင်းပါရဲ့ဗျာ………..
……………………………………………………။                      ။

In: ကဗျာ Posted By: Date: Nov 11, 2010
Comment #1

ကောင်းတယ်ဗျို့

commentinfo By: အသဲကွဲမိုး at Nov 11, 2010
Comment #2

မိုးထက်ဆိုတဲ့ကောင်လေးက ကဗျာဆိုရင်အမြဲတမ်းကြိတ်မှာဗျ…….အစ်ကိုဇာတိ ရ…..
စိတ်ချအစ်ကိုရေ့….အမြဲကြိုးစားနေမှာ….ကတိ။ 🙂

commentinfo By: moehtetaung18 at Nov 11, 2010
Comment #3

ဘာ..မိုးထက်ဆိုတဲ့ကောင်လေး…????????
အဘိုးကြီးပါဗျို့

commentinfo By: အသဲကွဲမိုး at Nov 17, 2010
Comment #4

အာ……အဖွားကြီးဟ….
🙂

commentinfo By: moehtetaung18 at Nov 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment