Professional Authors

ရောင်စုံခြယ်များ

အိမ်မက်တွေ ရှိတယ်..
စိတ်ကူးတွေကို ချရေးလိုက် ပြန်ပြင်လိုက်နဲ့..
နေသားတကျ မဖြစ်သေးတဲ့ အိမ်မက်တွေ
.. အိပ်ကပ်နဲ့အပြည့်ရှိတယ်..

ပျော်ရွှင်ခြင်းတွေပါတယ်.. အားမလိုအားမရခြင်းတွေပါတယ်..
ရဲရင့်ခြင်းတွေပါတယ်.. မိုက်မဲခြင်းတွေလည်း အချိုးတကျနဲ့
ရင်ခုန်ခြင်းတွေနဲ့ အသက်ဝင်တယ်.. တခါတရံလည်း နာကျင်ခြင်းတွေ ..

သူငယ်ချင်းတွေ ရှိတယ်.. ဖြတ်မျဉ်းတွေရှိတယ်..
ချစ်ခင်သူတွေ ရှိတယ်.. မလိုလားမှုတွေလည်း ရှိတတ်တယ်..

 မမြဲသေးတဲ့ တွဲလက်တွေရှိတယ်.. ခွဲသွားတဲ့ မိုးစက်တွေရှိတယ်..
ကိုင်ဆုပ်ခွင့်မရှိသေးတဲ့ သံယောဇဉ်တွေလည်း ရှိတယ်..

 
အိမ်မက်တွေ ရှိတယ်..
.. အမှတ်တရတွေနဲ့.. မက်လက်စ ..
ဟော့ဒီ အိမ်မက်တွေ ရှိနေသေးတယ်..

(Ora)

In: ကဗျာ Posted By: Date: Jan 4, 2011
Comment #1

မှန်လည်း မှန်တယ် ကောင်းလည်း ကောင်းတယ်ဗျာ
အားပေးသွားတယ် အော်ပရာ

Comment #2

ဆော်ရီး အော်ရာ

Comment #3

really colourful

commentinfo By: ei lay at Dec 30, 2012
Comment #4

I love it.

commentinfo By: ei lay at Jan 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment