Professional Authors

လွမ်းငွေ့ မီးအိမ်

ဖော်ရွေစွာ ပန်းပျိုးခဲ့ပေမဲ့

ညှိုးကျတဲ့ သူု့ အချစ်ဟာ

မသာမယာဖြစ်မှာတော့

စိုးရိမ်စိတ် မပြယ်…………

 

ခုန်မင်စွာ လမ်းခင်းပေးခဲ့ပေမဲ့

ဆင်းရမဲ့ သူ့   အိမ်မက်တွေ

မနင်းလိုမှာတော့

စိတ်ဝယ်အားငယ်………..

 

ပျော်ရွှင်စွာ ဖြည့်ဆည်းခဲ့ပေမဲ့

အပြီးကျမှ

ငြီးရမှာတော့

အတွေးခြေဆန့်   တယ်………..

 

တုန်ရီစွာ ပြုံးနေမိပေမဲ့

အပြစ်ရှိတဲ့ ရင်ခွင်တခုအဖြစ်

ပစ်ထားခဲ့မှာတော့

အဆွေးလေလွင့်တယ်…………

 

ငိုချင်စွာ လက်ပြခဲ့ပေမဲ့

ရခဲ့တဲ့ အတွင်းဒဏ်ရာကို

ကင်းအောင် မစွမ်းမှတော့

အလွမ်းအိမ် အမြစ်တွယ်………

In: ကဗျာ Posted By: Date: Jun 19, 2013
Comment #1

ဖော်ရွေစွာ ပန်းပျိုးခဲ့ပေမဲ့
ခုန်မင်စွာ လမ်းခင်းပေးခဲ့ပေမဲ့
ပျော်ရွှင်စွာ ဖြည့်ဆည်းခဲ့ပေမဲ့
တုန်ရီစွာ ပြုံးနေမိပေမဲ့
ငိုချင်စွာ လက်ပြခဲ့ပေမဲ့

ကြိက်တယ်ဗျ..

commentinfo By: 13th at Jun 19, 2013
Comment #2

ကောင်းတယ်ဆိုတာထက်ပိုကောင်းပါတယ်………………………….

commentinfo By: because at Jun 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment