Professional Authors

ချိုမြိန်သော အမှားများ – နရီထက်

ရစ်မူး ထွေးရီ
အချစ်ကို ကစားခဲ့သည်

ရယူလိုမှုနှင့်ပေးဆပ်မှုတွေကြား
အချစ်တွေက အားပြိုင်ခဲ့သည်

ပေးသက်ဆက် သည်အနမ်းတွေ
ဆယ်ခါမက . . .

ဓါးသွားထက်က ပျားရည်စက်တစ်ချို့
ရေပြင်ထက်က လရိပ်ချိုချို
သည်နှလုံးသား မျှော်လင့်ချက်ပိုပို
နှစ်နှစ်ကာကာ ရစ်မူးမိသည်

အရှက်ရယ် ပြေပျောက်
ဘ၀အသိရယ် မှောက်
အလင်းစက်ရယ် ပျောက်
ဝင်တိုးခဲ့သည် ပင်လယ်ပြာဆီ. . .

ရူးလည်း ရူးခဲ့သည်
မူးလည်း မူးခဲ့သည်
အရူးအမူးလည်း ဖြစ်ခဲ့သည်
မြူးလည်း မြူးခဲ့သည်
ထူးလည်း ထူးခဲ့သည်
မြူးထူးအိမ်မက် မက်ခဲ့သည်

နေ့ရက် တစ်ချို့တစ်ဝက်ရယ်
အမှားများက တစ်စီတစ်ရီ
ချိုမြိန်ပါသည် သည်အမှားများဆီ
သိစိတ်ရယ်က ပြေးပြေးလာသည်
နောက် မမှားအောင်တော့
သတိထားမည်. . . ။      ။

နရီထက်
( ၁၁ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment