Professional Authors

မတ်လ ဒဏ်ရာ

 

 

မနက် မနက်ဆို ငါ ထထကြည့်တတ်တဲ့ နင့်အတွက်နင်မသိအောင်ပွင့်မယ့်ပန်းတွေရှိတယ်

ဒီလိုနဲ့နောက်တစ်ရက်မှာ ငါ ခက်ခက်ခဲခဲနဲ့ နင်မသိအောင်အလွယ်တကူကျရှုံးပစ်လိုက်တယ်

တစ္ဆေပျိုတစ်ကောင်ရဲ့ ဒဏ်ရာပေါ့ ကဗျာ.

နင်အခါခါ မော့ကြည့်လိုက်တိုင်း အပြိုင်းအရိုင်းပွင့်နေတတ်တဲ့ ဒဏ်ရာတွေနဲ့

တခါတလေ.. ပရိတ်သတ်မပါဘဲ တခဲနက်အားပေးခံရတတ်တဲ့……အလွမ်းတွေနဲ့

ငါ  မတ်လရဲ့မိုးတွေကြားမှာ အခါခါ ပြိုကျလို့ ခဏခဏပေါ့ ကဗျာရယ်…

ဒါ ပြဇာတ်ဆိုရင် နင်မသိလိုက်တဲ့အခန်းတွေပေါ့ ကဗျာ …..

မသိမသာ ငါနာရီတွေကြားက ကြားလိုက်ရတယ် ဒါမတ်လတဲ့

ခဏတော့ ရပ်ထားလိုက်တယ် ခဏလေးပါ ကဗျာ…တကယ်ကိုခဏလေးပါ

နင်ထားသွားတဲ့အရာရာနဲ့ အသားမကျလိုက်တဲ့ ခဏလေးပါ

နင်ငါနဲ့ တစ်ကမ္ဘာခြားဖို့ အဲ့ခဏလေးက ပျော်ရွှင်ခြင်းတွေကိုဝါးစားသွားတယ်

ကဗျာရယ် …… လူမသိသူမသိကြွေကျတဲ့ကြယ် လူသိအောင် ငါ…….နေခဲ့ရပါတယ်ဟ….

ဘ၀တဲ့….. ခဏတော့ ပစ်စလက်ခတ်လွမ်း. ….. အလွမ်းတွေကြဲဖြန်းထားတဲ့ အခန်းနဲ့

ငါ မနက်ဖြန် မနက် ……………. မတ်လကိုကြိုရပြန်ဦးမယ် ကဗျာ……………..

ကဗျာရေ..တကယ်တော့ ငါတို့အတွက် မတ်လဆိုတာ ဘယ်သူမှမသိလိုက်တဲ့ ဒဏ်ရာ

 

In: ကဗျာ Posted By: Date: Nov 10, 2010
Comment #1

ဘ၀တဲ့….. ခဏတော့ ပစ်စလက်ခတ်လွမ်း. ….. အလွမ်းတွေကြဲဖြန်းထားတဲ့ အခန်းနဲ့

ငါ မနက်ဖြန် မနက် ……………. မတ်လကိုကြိုရပြန်ဦးမယ် ကဗျာ……………..

ပရိတ်သတ်မပါဘဲ တခဲနက်အားပေးခံရတတ်တဲ့……အလွမ်းတွေနဲ့

ငါ မတ်လရဲ့မိုးတွေကြားမှာ အခါခါ ပြိုကျလို့ ခဏခဏပေါ့ ကဗျာရယ်…

လွမ်းစရာကောင်းတယ်သားသားရေ။ :'( :’)

commentinfo By: moezat at Nov 10, 2010
Comment #2

တစ် ခု ခု ကို.. ခံ စား လိုက် ရ သ လို.. ၀မ်း နည်း သလို လို နဲ့….၀မ်းနည်းနေတာကို ပဲ ကြည် နှုး သလို ကျွန်တော် ခံ စား ရ တယ်

commentinfo By: Demon 13 at Nov 11, 2010
Comment #3

ကောင်းတယ်…..ကိုသားသားရေ……

commentinfo By: moehtetaung18 at Nov 11, 2010
Comment #4

ကျေးဇူးပါ အမြဲ အားပေးတဲ့ အစ်ကို မိုးထက် အစ်ကို မိုးဇက် အစ်ကို ဒီမွန် 13 ကျေးဇူး အစ်ကို
🙂

commentinfo By: သားသား at Nov 11, 2010
Comment #5

‘ကဗျာရယ် …… လူမသိသူမသိကြွေကျတဲ့ကြယ် လူသိအောင် ငါ…….နေခဲ့ရပါတယ်ဟ….

ဘ၀တဲ့….. ခဏတော့ ပစ်စလက်ခတ်လွမ်း. ….. အလွမ်းတွေကြဲဖြန်းထားတဲ့ အခန်းနဲ့

ငါ မနက်ဖြန် မနက် ……………. မတ်လကိုကြိုရပြန်ဦးမယ် ကဗျာ……………..

ကဗျာရေ..တကယ်တော့ ငါတို့အတွက် မတ်လဆိုတာ ဘယ်သူမှမသိလိုက်တဲ့ ဒဏ်ရာ ‘

ကြိုက်တွားပြန်ပီ … ဘိုလုပ်မတုန်း 😛

commentinfo By: ယုစံ at Nov 11, 2010
Comment #6

နင်ထားသွားတဲ့ အရာရာတွေနဲ့ အသားမကျလိုက်တဲ့ ခဏလေးပါ….ဟတ်ထိတယ်

Comment #7

မတ်လဒဏ်ရာကိုထပ်တူခံစားအားပေးသွားပါတယ်။ ကျနော်လည်း မတ်လမကုန်ခင်ောတ့ကဗျာ တစ်ပုဒ်ရဖို့မျှော်လင့်တယ်

commentinfo By: Man Khat Wint at Mar 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment