Professional Authors

ဒဏ်ရာ

   အလွမ်းတွေ ခင်းကျင်းထားတဲ့ ဈေးပွဲ သူရူးတွေ စကားထာ ဖွတ်နေသလိုပါပဲ……

တော်တော်ပင်ပင်ပန်းပန်းနဲ့ လျှောက်လိုက်ရတဲ့အဖြစ်….ဟားဟား…ဘာပဲဖြစ်ဖြစ် ငါကိုတစ်ယောက်

ယောက်စောင့်ကြည့်မနေတာ ကံကောင်းတယ်….အမှတ်မထင် ကျူးကျော်ဝင်ရောက်တက်ပြီ့း

တဆစ်ဆစ်နဲ့နာကျင်အောင်ကိုက်ခဲစားသောက်တက်တဲ့ ခြင်တစ်ကောင်အလား….အငိုလွယ်ပြီး  အရှိုက်ခက်ပါတယ်.လွန်လေပြီးသော အတိတ်ကအားလုံးကို ပစ္စုပန်မှာလာရောက်ငိုပွဲဝင်နေရပြီသားပါ.

အခုလည်း ငိုချင်းကိုအစကနေတော့ မဖွဲ့ချင်တော့ပါဘူး.မင်းသိရဲလား?အလွမ်းတွေအစာသွပ်ထားတဲ့

လက်ပစ်ဗုံးတစ်လုံး တစ္ဆေခြောက်တက်တဲ့ ဘူတာမှာလက်မှတ်အစစ်ခံနေရပြီလေ.လပေါင်းများစွာ ဖြတ်နင်း

သွားတုန်းက ကာရံပျက်နေတဲ့ နှလုံးခုန်သံတွေက မော်ဒန်ကဗျာတစ်ပုဒ်လိုပဲ စီးမျှောနေပြီး အခုမှ တမ်းတနေလိုက်တာများ ဒီရင်ဘတ်ထဲမှာ ဒဏ်ရာတွေလာလာခိုတယ် ချစ်သူ…ဘ၀တစ်ခုကို စီးချင်းထိုး

ဆေးလိပ်တွေတစ်လိပ်ပြီး တစ်လိပ်သောက်နေတုန်းလည်း အမှောင်ထဲက ပြဿဒါးနေတွေတစ်ရွက်ချင်း

ထွက်လာပြီး နှစ်ဆယ်တစ် ရာစုမှာ ငါကိုအနီကဒ်ပြထားတယ်.ငါပေးနိုင်တာ ယုယခြင်း၊မြတ်နိုးခြင်းတွေက

လွဲပြီး သီချင်းတစ်ပုဒ်တောင် ဆုံးအောင်မဆိုတက်တာပါ.သူတို့တွေဝင်ပူးနေတဲ့နတ်ရိုင်းတွေက မြေစာပင်

ဖြစ်နေတဲ့ သံယောဇဉ်ငရဲသားကို ထပ်ခါထပ်ခါ အပြစ်ပေးနေတုန်းပဲနော်.မင်းငိုတာ ငါမကြည်ရက်သလို

ငါရဲ့ သက်ပြင်းတွေလည်း ခဏခဏ ၀င်မလာစေချင်ဘူး.!ငါခေါင်းအုံး ငါအုံးပြီး အဖြေရှာနေတဲ့ ပုစ္ဆာ

အမြဲမဆိုးမိုက်ချင်ပါပဲနဲ့ ငါခေါင်းအုံးကို ခလုတ်တိုက်ပြီး ကိုယ်ကပဲတောင်းပန်ရတဲ့အဖြစ်ကလည်း..ဟူး…

တယုတယ အဝေးကကြည်ခွင့်၊နေခွင့်၊တမ်းတခွင့်၊စိတ်ကူးယဉ်ခွင့်အားလုံး ပြဇတ်ပြီးလို့ ကန်လန်ကာ

ပိတ်သလို သူတို့တွေခရာမှုတ်ပွဲသိမ်းသွားတာ ခဏပြီး ခဏပါ…ငါဆွဲဖွင့်ထွက်လာရရင်တော့ ငါ့ဒဏ်ရာတွေ သြဘာပေးတောမယ်..!အခုလည်း အရောင်စုံတဲ့ အလွမ်းတွေခင်းကျင်းထားတာ ကြည်နေရတုန်းပဲ.ပုံမှားရိုက်တက်တဲ့ ရုပ်သေးရုပ်တစ်ရုပ် တလှုပ်လှုပ် ခေါင်းတဆတ်ဆတ်နဲ့ ကြည်ကောင်းနေတဲ့ အဖြစ်ကနေလူးလွန်ကာထရင်း…ကျုးလွန်မိထားသော  ရင်ဘတ်ကမကြာခဏချောင်းကြည့်တက်တဲ့ …ဒဏ်ရာ….

အစ..ကနေ..အဆုံး….အိပ့်မက်တွေ ဒီဘူတာမှာ လက်မှတ်ဝယ်ရအုံးမယ်။

In: ကဗျာ Posted By: Date: Nov 6, 2011
Comment #1

ဟိုတုန်းက ဒဏ်ရာလေး တစ်ခုပါ..

commentinfo By: ဟန်သူအောင် at Nov 6, 2011
Comment #2

လုလင် အားပေးသွားပါတယ်
ဘယ်တုန်းက ဒဏ်ရာ ဖြစ်ဖြစ် အနာရွှတ် လေး တော့ ကျန် ခဲ့ ကြတာ များပါတရ်

Comment #3

ko lu lin,,,a hman tway tate ma pyaw lar ne lar.
ha,,ha,

commentinfo By: ei lay at Nov 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment