Professional Authors

ကြေးမုံ ( ကဗျာ) – နရီထက်

ကြည့်အသွင် ငေးသက်ကာ
ရပ်လှကာ သူ့အရှေ့
လှသူကို လှစေ
အကျည်းတန်သူ နှစ်သက်စေ
တကယ့် ရုပ်အသွင်တွေ
သူ ပေးနေသလို
အမှန်တရားကိုဆို
ခေါင်းခေါက်ကာ မေးကြည့်တယ်
သူ ဆိတ်ဆိတ်နေတယ်
အကြောင်းတရားစုံ
သူရှေ့က သူ့လူတွေ
အတွင်းစိတ်ကို သိငြားသိလည်း
အ. .အ. .ကာ မသိမသာ သူနေရှာတယ်
လွတ်ကျကြေမွသောအခါ
” ခွမ် ” ” ခွမ် ” ” ခွမ် ” သူ့အသံ
အက်ကွဲကြောင်းတွေ ပြန့်စားကျဲလို့
သူ့ရဲ့ အမှန်တရားတွေလား။     ။

နရီထက်
( ၀၄ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 4, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment