Professional Authors

ပန်းမုဆိုးသို့

မှင်ကုန်လို့လွှင့်ပစ်ရအောင်
ငါကတစ်ခါသုံးဘောပင်လား……………ချစ်သူ
ငါ့ဘက်ကသစ္စာတွေနဲ့စီးမြောခဲ့ပြီး
ချစ်သူကိုလမင်းထင်လို့
မင်းကငါ့ကို ကြယ်စင်အဖြစ်ပဲ
ထင်မှတ်ရက်တယ်
ငါဟာ ဆားငန်ရေတွေသောက်သုံးပြီး
ချစ်ရတဲ့မင်းကို ရေချိုရေတွေပေးဝေနေတဲ့
ငါ့ဘ၀က အုန်းတစ်ပင်ဆိုလည်း မမှားဘူးနော်
နှလုံးသားတစ်ခုနဲ့ရင်းရတဲ့ချစ်ခြင်းကို
မစာနာလှည့်စားရက်တယ်
အရာရာကိုအလွယ်တွေးပြီး
မျက်နှာများတဲ့ …………..ချစ်သူရေ
မင်းအတွက်တော့ငါပြောချင်ရဲ့
ဝဋ်ဆိုတာတစ်နေ့လည်တတ်တယ်နော်………

In: ကဗျာ Posted By: Date: Nov 8, 2010
Comment #1

hote de,,
wit le de so tar nout ba wa ma ku bu

commentinfo By: ei lay at Jun 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment