Professional Authors

ကြိုး

တစုံတခုကိုရွေးဖို့…
တစုံတခုကိုစတေးရတယ်……

ဘ၀ဆိုတာစိတ်ကူးထဲကအတိုင်း
အပြုံးနဲ့ဆုံးဖို့မဖြစ်နိုင်တာ.

.
ငါတို့တွဲခဲ့ဖူးတဲ့လက်တွေ
လမ်းအိုလေးထက်မှာခြေရာတွေပျောက်
ဝေဒနာတွေရောက်ခဲ့ပြီ..
တကယ်ဆို..မင်းမရှိတဲ့နေ့ရက်မှာ..
လရောင်တောင်ညအမှောင်ထက်နက်ခဲ့ပြီ
သံယောဇဉ်နဲ့ဝေဒနာတွေ
ထပ်တူအချိုးကျခဲ့တာမို့….
ရက်စက်စွာဖြတ်ပစ်ခဲ့တဲ့နှောင်ကြိုးတွေ..
မေ့ပစ်လိုက်ပါလို့ငါမပြောထွက်ရက်သလို
ငါကိုယ်တိုင်ကလည်းမမေ့နိုင်ခဲ့ဘူး
အနေဝေးရင်သွေးအေးသွားမလားလို့
ငါတွေး…ငါတကယ်ကိုဆွေးမိပါတယ်
မဖြစ်နိုင်ဘူးဆိုပြီးခေါင်းခါ
နှလုံးသားကနာနာလာတော့
တကယ်ဆိုငါ့ဘ၀က
အကျဉ်းချခံထားရတဲ့ဆည်းဆာ
နေမထွက်တော့မဲ့မနက်ခင်း
လမင်းငိုတဲ့ညခင်း
င့ါအတွက်တော့မင်းကအရာအားလုံး
မင်းအတွက်တော့ငါက….??????
မင်းမပြောပါနဲ့တော့
မင်းနှုတ်ဖျားကထွက်မဲ့စကားလုံးကို
ငါ..မုန်တိုင်းတရာထက်ပိုကြောက်လို့ပါ….
အရာအားလုံးကိုသံယောဇဉ်တစ်ခုနဲ့
ကန့်လန့်ကာချလိုက်ရအောင်
နောင်တမရကြေးပေါ့…
In: ကဗျာ Posted By: Date: May 31, 2012
Comment #1

ထပ်တူကျစွာခံစားရပါ၏။

commentinfo By: moezat at May 31, 2012
Comment #2

🙁

commentinfo By: ei lay at May 31, 2012
Comment #3

အရမ်းမိုက်ပါတယ်ရေးထားတာ

commentinfo By: loafer at Jun 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment