Professional Authors

မင်းအတွက်ဆုလာဒ်(genius)

အကြိမ်ကြိမ်တောင်းဆိုခဲ့ပါတယ်။

မင်းလည်း…

အကြိမ်ကြိမ်ပယ်ချခဲ့တာပါပဲ။

ပြောထွက်တယ်နော်…..မင်း

ကတိဆိုတာ အလကားပါလို့။

ပြတ်သွားရင်ဆိုတဲ့စကား

မင်းအရင်ပြောလိုက်တာပါ။

ငါ့ဘက်ကတော့

တွေးတောင်မကြည့်ရဲခဲ့ဘူး။

ငါကိုယ်တိုင်က

ရင်ခွဲမယ့်သူကို

ဓားရိုးလှမ်းပေးမိခဲ့တာပါ။

ဘယ်သူမေးမေး

“နင်” မမှားဘူးနော်

ငါမှားခဲ့တာ၊သိရက်သားနဲ့

မိုက်ခဲ့တာ။

မင်းအတွက်ကတော့

ရင်ခွဲခြင်းရဲ့

ပျော်ရွှင်မှူကိုသာသိပြီး

ရင်ကွဲခြင်းရဲ့

အရသာကိုမသိခြင်းက

ဆုလာဒ်တစ်ခုဖြစ်နေပါစေ။

In: ကဗျာ Posted By: Date: Jun 23, 2011
Comment #1

အကြိမ်ကြိမ်တောင်းဆိုခဲ့ပါတယ်။

မင်းလည်း…

အကြိမ်ကြိမ်ပယ်ချခဲ့တာပါပဲ။
မောင်လေးအားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Jun 23, 2011
Comment #2

ရင်ခွဲခြင်းရဲ့ ….
ပျော်ရွှင်မူကိုသာ သိပြီး…..
ရင်ကွဲခြင်းရဲ့ အရသာကို….
မသိခြင်းကတော့…..
မင်း အတွက်……ဆုလာဘ်တစ်ခုဖြစ်နေပါစေ………..။
အားပေးပါတယ်……………………………….:)

commentinfo By: Poekglay at Jun 23, 2011
Comment #3

ကျွန်တော် အရမ်းကြိုက်တဲ့စာပိုဒ်လေးပါ…..
အားပေးပါတယ် ………………..
နည်းနည်းတော့ ကျွန်တော်ပြင်ရေးမိထားတယ်…….

commentinfo By: Poekglay at Jun 23, 2011
Comment #4

ရပါတယ်…ဗျာ
အားပေးတဲ့အတွက်ကျေးဇူးပါ

commentinfo By: poem.poem28 at Jun 23, 2011
Comment #5

အင်း
ဘာကိုတွေးမကြည့်တာလဲ မောင်။
မ ကိုပြောပါ လားဟင်။
မ က ဘာဆုရလို့လဲ။မောင်လည်းမပေးဘဲနဲ့။မောင်လိမ်တယ်…………………………

commentinfo By: mamg at Jun 23, 2011
Comment #6

ငါ့ညီ..။စ လယ် ဆုံး ကောင်းတယ်…။

Comment #7

ကျေးဇူးပဲကိုဇော်သက်ဦးနဲ့
ကဗျာချစ်မောင်နှမများအားလုံး…

commentinfo By: poem.poem28 at Jun 23, 2011
Comment #8

ဖြစ်စေ……………………………..

commentinfo By: လူပါးဝသူလေး at Aug 31, 2011
Comment #9

i like that

commentinfo By: zay myo at Jun 26, 2013
Comment #10

ကောင်းတယ် သားလေး …
…. များများခံစားရပါစေ…
ဆုတောင်းတာမဟုတ်ဘူးနော်…
ခံစားချက်များမှ ကဗျာက အရသာရှိလို့..

commentinfo By: ဖြူစင်နိုး at Jun 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment