Professional Authors

မသေမရှင်ဖြစ်မှု့

မသေမရှင်ဖြစ်မှု့

အခု အလင်းခပ်တိုတိုပဲရတဲ့
အခန်းထဲက ကုတင်ပေါ်မှာထိုင်နေတယ်
ဆစ်လ်ဗီယာ ပလာသ့်ရှိတယ်
ဂစ်တာအစုတ်တစ်လုံးရှိတယ်
ဗုံးတွေ ကိုယ်စီကိုင်ထားကြတဲ့
greeen day ၀ိုင်းတော်သားတွေရှိတယ်
ဟိုလူအားနာ ဒီလူအားနာနဲ့ နေခြောက်လှန်းခံရလို့
ကိုက်ခဲနေတဲ့ ခေါင်းတစ်ခြမ်းရှိတယ်
တိမ်မရှိတဲ့ကောင်းကင်ကြီးကိုငေးဖို့
ပြတင်းပေါက်တစ်ခြမ်းရှိတယ်
ကပ်ချင်တဲ့နေရာကို လျှောက်ကပ်တတ်တဲ့
သတိရစိတ်ကြောင့် တစ်ဝက်ပဲပြုံးတဲ့နှုတ်ခမ်းတွေရှိတယ်
တံတွေးတွေပြန်မျိုချတဲ့ ပါးစပ်
မျက်ရည်တွေပြန်မျိုချတဲ့ မျက်လုံး
ခံစားမှု့တွေပြန်မျိုချတဲ့ နှလုံးသားလည်းရှိတယ်
မဏိစန္ဒာ သီချင်းသံကြားနေရတယ်
ခင်ဦဲးလို့ပဲခေါ်လိုက်မယ်
ခင်ဦးရေ မင်းရဲ့စိတ္တဇဖြစ်မှု့တွေနဲ့ထပ်တူ
မင်းကျန်စစ်လည်း မေးခွန်းတွေနဲ့ အဖြေမဲ့နေမှာပါ…။

မြေနံ့

In: ကဗျာ Posted By: Date: Jul 17, 2011
Comment #1

အားပေးသွားပါတယ်

commentinfo By: မိုးသစ်လေပြေ at Jul 17, 2011
Comment #2

အားပေသွားပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment