Professional Authors

“ကိုယ့်အမြီးကိုယ် ပြန်မျိုထားတဲ့ လွယ်အိတ်”

“ကိုယ့်အမြီးကိုယ် ပြန်မျိုထားတဲ့ လွယ်အိတ် “

ဘာမှတော့ မဟုတ်ပါဘူး
တခါတလေမှာ
လူသူကင်းရာ မှတ်တိုင်အိုလေးထဲ
တွေးတွေးငေးငေး ထိုင်နေမိတယ်

ဘတ်စ်ကားအဟောင်းတွေပေါ်က
လူအဟောင်းတွေကို ကြည့်ရင်း
အိမ်ပြန်ရောက်ရင် မျက်နှာသစ်ဖို့ စဉ်းစားတယ်
( ချာတိတ်ရယ် )
ငါက ထိလွယ်ရှလွယ်ကောင်ပါ

စိတ်တွေ ကသီကဝေယိုင်နွဲ့
အိမ်ပြန်ဖွဲ့ ကဗျာတပုဒ်ထဲ
အလွမ်းတို့ တွဲကပ်ငြိခို
ဘယ်ကမ္ဘာတိုင်အောင် ငါ ငိုနေရမှာလဲ

( မင်းကိုလွမ်းတယ် )
မလွယ်ပါဘူး ကောင်မလေးရယ်
ပြောမထွက်တဲ့ စကားလုံးတွေနဲ့
ခပ်တည်တည် လှည့်လွမ်းနေရတာ
ကြာတော့ ငါ နွမ်းလာပြီ

မင်းသိဖို့ မလိုလို့
သိအောင်လည်း ငါမပြောပါဘူး
ကိုယ့်ကိုကိုယ် ညာတဲ့ အရူးတွေထဲမှာ
( ငါကတော့ )
တမူးသာလိမ့်မယ်

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Sep 1, 2009
Comment #1

မင်းသိဖို့ မလိုလို့
သိအောင်လည်း ငါမပြောပါဘူး
ကိုယ့်ကိုကိုယ် ညာတဲ့ အရူးတွေထဲမှာ
( ငါကတော့ )
တမူးသာလိမ့်မယ်

commentinfo By: အသဲကွဲမိုး at Jan 7, 2011
Comment #2

မင်းသိဖို့ မလိုလို့
သိအောင်လည်း ငါမပြောပါဘူး
ကိုယ့်ကိုကိုယ် ညာတဲ့ အရူးတွေထဲမှာ
( ငါကတော့ )
တမူးသာလိမ့်မယ်
(မှန်တယ်..)

commentinfo By: myatthuraaung at Sep 16, 2011
Comment #3

သဘောကျတယ်

commentinfo By: နေပိုင် at Nov 22, 2011
Comment #4

so nice

commentinfo By: ei lay at Dec 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment