Professional Authors

ဘာသာပြန်မှားသူနဲ့ ဇာတ်လမ်း

“ဘာသာပြန်မှားသူနဲ့ ဇာတ်လမ်း’

အချစ်ဆိုတာကို ခံစားကြသူချင်းအတူတူ
ဘာလို့ မင်း အနိုင်ယူချင်နေရတာလဲ
တချိန်က တခါက တလောက
မင်းရဲ့ အဆက်အဟောင်းများ ပေးတဲ့ ဒဏ်ရာ
ငါ့အပေါ်မှာ ကျားနာလို ခဲဖို့
မင်းရင်ထဲ စို့နင့်စေတာလား
ဒါဆိုရင်တော့ ငါ့ရဲ့ အမှားလို့ပဲ ထားပါတော့
မင်းဆော့ဖို့ ငါက ကစားစရာ ဖြစ်ပေးခဲ့မိတာကိုး

အလိုလိုက်မိတာ ချစ်လို့ပါ
ငါ့ ဘာသာစကားကို မင်း ဘာသာပြန်မှားနေတယ်
မင်း ပြောသမျှ စကားကြမ်းကြမ်း
ငါက ပန်းခင်းလမ်းလို နင်းလျှောက်မိမှတော့
ဆူးဆိုရင်လည်း ငါ့ ကံလို့ပဲ မှတ်ထားတော့တယ်
ငါကိုက အဲလို ရိုးရိုးသားသား ချစ်မိတာပါကွယ်

နှုတ်ဆက်သွားမှာကို သိပေမဲ့
အခုလို နှုတ်မဆက်ဘဲ ထွက်သွားတော့လဲ
တယောက်တည်း ငါ ကျန်ခဲ့ရဲပါတယ်
ရင်ခွင်မှာ မင်း နင်းချေသွားတဲ့ ခြေရာတွေ တပွေ့တပိုက်နဲ့
ငါ ဆိုတဲ့ လူမိုက်
အမုန်းတွေကို ပိုက်ရင်း နေလိုက်ပါတော့မယ်။

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Sep 23, 2011
Comment #1

အားပေးသွားတယ်….ကိုချီရွန်ရေ…

commentinfo By: terry at Sep 23, 2011
Comment #2

နှုတ်ဆက်သွားမှာကို သိပေမဲ့
အခုလို နှုတ်မဆက်ဘဲ ထွက်သွားတော့လဲ
တယောက်တည်း ငါ ကျန်ခဲ့ရဲပါတယ်….ဒီစာသားလေးကိုခိုက်တယ်..ကျေးဇူး

commentinfo By: sharon myorr myor at Sep 23, 2011
Comment #3

ခံစားအားပေးသွားတယ်ဗျို့

Comment #4

အားပေးသွားတယ်

commentinfo By: Village chat kyi at Sep 23, 2011
Comment #5

chiron ဖတ်ရှုအားပေးသွားပါသည်။။။။

commentinfo By: အသဲကွဲမိုး at Sep 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment