ကျေးဇူးဆိုတဲ့ နွံ့တစ်ခု -နရီထက်
ကျေးဇူးတွေတင်ရှိစွာဖြင့်
အတင်မခံချင်ပေမဲ့လည်း
တင်ရခဲ့ပေါင်းများပြီး
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီိ
ဆန်ပေးလို့ ဆီရတာဆိုပေမဲ့
မလွန်ဆန်နိုင်တဲ့ ရှေးပဝေသဏီက
ရှေးဇူးတင်ပါသည် ဆိုတဲ့ ယဉ်ကျေးမှုစကားလုံး
အတုံးအရုံး အလူးအလှဲ သုံးခဲ့ကြတယ်
ဟန်ဆောင်ကာ ရင်မှာ မပါသူကတော့
လူလည်ပေါ့
ကျေးဇူးရှင် သခင် ကျေးဇူးကြီးလှပေါ့
ဆိုတာက လူယဉ်ကျေးလား
အဲဒီကြားတွေထဲမှာ တစ်ချို့တစ်ချို့တွေက
နွံ့နစ်ခဲ့ကြသေးတယ်
တစ်ချို့တွေကလည်း အခုထက်ထိ
ဆပ်နေတုန်းပဲ
ထာဝရကျေးဇူးရှင်တဲ့လား
ငါ့ အသက်ရှိသရွေ့
သူကို ပြန်ဆပ်ပေးအုန်းမယ်တဲ့
ထွက်ပေါက်မရတဲ့သူတွေက
အရှုံးအရှုံးဆိုတဲ့ တိုက်ပွဲတွေကြားမှာ
အလဲမထနိုင်ခဲ့ကြဘူး
နစ်ရင်ဆွဲထူ ဆွဲထူရင်နဲ့နစ်နေသေး
သံသရာ နွံ့တစ်ဝိုက်
တွေ့ကြုံကြ နွံ့တစ်ပတ်လည်လား
အဲဒီနွံ့တွေ မခန်းခြောက်သေးတရွေ့
စိုသောလက်တွေလည်း ခြောက်သေးမှာ
မဟုတ်သေးဘူးလေး . . . ။ ။
နရီထက်
( ၁၇ ၊ သြဂုတ်လ ၊ ၂၀၁၀ )
Comment #2
သည်ကဗျာသည် မလေးရှားနိုင်ငံတွင် ထုတ်ဝေသော မြန်မာ့စတိုင်မ်ဂျာနယ် အောက်တိုဘာလထုတ် 2010 တွင် ဖော်ပြခြင်းခံရသည်။
By: Nayihtet at Feb 19, 2011




Comment #1
ဟုတ်တယ်ဗျာ အဲနွံ့နစ်ရင် ရုန်းဖို့တော်တော်ခက်တယ်။