Professional Authors

ဟာတာတာ. . . နရီထက်

မြင်သာမြင် မကြင်ရ
ဆိုစကား ထားခဲ့လို့
စိတ်နာရသလား
ဒီအင်နက်တာကြီးပေါ့
ဒုက္ခပေးပြန်ပြီး
ကလေးတစ်ယောက် အမူအရာနှင့်ဗျာ
မသိကျိုးကျွံနေရော့လိုက်တယ်
သုံးမရ စားမရ
ကျဉ်းတည်း ကြပ်တည်းရယ်

အပေါင်းအသင်း များလို့
အဆက်ဖြတ်ခံရသလား
ဧည့်သည်လာလို့
ခဏတာ အရှုပ်မခံချင်တာလား
ကလေးတွေ မောင်းထုတ်လိုက်သလို
မလာကြနဲ့ ထောင့်တစ်နေရာ
သွားနင့်ကြ. . .သွား . . .သွား
ဟာ .ေ–ာက် သွားပြန်ပြီး
လိုင်းအား. . . .
လိပ်ကို ပက်လက်လန်
ကြိုးချည်ကာ ပြေးပွဲ ၀င်ခိုင်းလိုက်သလား

မေ ဆီကို စာမှန်မှန်ရေးပါနော်
အမေဆီကို အင်နက်တာကနေ
ဖုန်းလေး ခေါ်ပါနော်
မှတ်တမ်းမှတ်ရာတွေ
အီမေလ်ပို့လိုက်ပါကွာ
လေ့လာစရာ ၀ပ်ဆိုက်ကမ္ဘာ
ဘယ်မှာလဲ အားထားစရာ
ိစိတ်တိုလို့ ဗျာများရပြီး
မသိဘူးကွာ မသိဘူးကွာ
သွားသွား. . .အကပ်မခံချင်တဲ့
တောက်တဲ့တစ်ကောင်လို့
အထာမျိုးကြီးနဲ့တော့ ဘယ်ဟုတ်မလဲ
အင်တာနက် ပေါက်စလေးရယ်. . .

ကမ္ဘာရွာမှာ ကလေးတွေ
တူတူပုန်းတမ်း မကစားရ
နှစ်ချို့လိုက် ပြန်အိပ်လိုက်နဲ့
အိပ်ရေးပျက်မှာစိုးလို့ပါ
ကလေးတွေကြား တည့်တော့
အိုးပုတ်ချိုးရုပ် ရော့ ကစား
မတည့်တော့များ. . .
ငါ့ အိုးပုတ် ချိုးရုပ်တွေ ပြန်ပေးချည်
ဟာ. . . လိုင်းအား ကျသွားပြန်ပြီး
အခါခါ. . . .
TRY AGAIN, TRY AGAIN, TRY AGAIN
ထပ်ထပ်ခါခါ သာ သူ ပေါ်လာ. . . .။    ။

နရီထက်
( ၂၉ ၊ အောက်တိုဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Oct 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment