Professional Authors

မိဘမဲ့…. – နရီထက်

ခလုတ်ထိမှ အမိတတယ်

ငွေမရှိမှ အဖေတဲ့လား
ရေအကြောင်းတွေ နားလည်တယ်

လောကကြီးအကြောင်း
အမေပြောတဲ့ ခယမှုနှင့် ၀ပ်တွားမှုတွေ ပြည့်နှက်နေလား

အနှိမ်ခံရတဲ့အခါ
မားမားမတ်မတ် အဖေ ဘယ်မှာလဲ

လူ့ယဉ်ကျေးမှုအသိုင်းအ၀ိုင်းမှာ
ကြွားလုံးထုတ်ဖို့ အမေသိတယ်

ကျွန်တော့် ရာဇ၀င်
အဖေအမည်နှင့် ဖြည့်စွက်ရတယ်

ခြေချော်လှဲတဲ့အခါ
နောက်တစ်ကြိမ်ပြန်လျှောက်မယ်နော် အမေ…

လူသားဆန်မှုကို အဖေစစ်တယ်
ပညာတတ်မတတ်ကို အမေမေးတယ်

အဖေနှင့်အမေနားမှာ
ငါတို့က မရိုးနိုင်တဲ့ ကလေးလေးတွေ … သိလား။     ။

နရီထက်
( ၂၀ ၊ စက်တင်ဘာ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Sep 20, 2011
Comment #1

ခြေချော်လှဲတဲ့အခါ
နောက်တစ်ကြိမ်ပြန်လျှောက်မယ်နော် အမေ…

လူသားဆန်မှုကို အဖေစစ်တယ်
ပညာတတ်မတတ်ကို အမေမေးတယ်

အဖေနှင့်အမေနားမှာ
ငါတို့က မရိုးနိုင်တဲ့ ကလေးလေးတွေ … သိလား။
အရမ်းကောင်းတယ်အကိုကြီး..
အားပေးသွားတယ်နော်…

commentinfo By: myintmo at Sep 20, 2011
Comment #2

မိုက်တယ် ကိုကြိး မိဘမေတ္တာ အကြောင်း၊မိဘ မရှိသူတစ်ယောက်ရဲ့ ခံစားချက် ကိုရေးထားတာ ကြိုက်တယ်။အိမ်တောင်ပြန်ပိး လွမ်းသွားတယ်။ပိးတော့ ဒိအပှဒ်လေး တွေကိုပိုကြိုက်တယ် ကိုကြိး…………..
အနှိမ်ခံရတဲ့အခါ
မားမားမတ်မတ် အဖေ ဘယ်မှာလဲ

လူ့ယဉ်ကျေးမှုအသိုင်းအ၀ိုင်းမှာ
ကြွားလုံးထုတ်ဖို့ အမေသိတယ်

ကျွန်တော့် ရာဇ၀င်
အဖေအမည်နှင့် ဖြည့်စွက်ရတယ်

ခြေချော်လှဲတဲ့အခါ
နောက်တစ်ကြိမ်ပြန်လျှောက်မယ်နော် အမေ…

အဖေနှင့်အမေနားမှာ
ငါတို့က မရိုးနိုင်တဲ့ ကလေးလေးတွေ … သိလား။ ။အားပေးနေတယ်နော်

commentinfo By: thuya at Sep 20, 2011
Comment #3

ကောင်းလိုက်တာဗျာ

commentinfo By: အသဲကွဲမိုး at Sep 20, 2011
Comment #4

like!!!!!!!

commentinfo By: Demon 13 at Sep 20, 2011
Comment #5

အားပေးသွားပါတယ်

Comment #6

ကဗျာမိုက်တယ်ဗျာ

commentinfo By: ဧရာဝတီသားး at Sep 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment