Professional Authors

အတိတ်ရဲ့ အရိပ် – နရီထက်

ဆပ်ပြာဗူးပေါင်းလေးတွေ
လေထဲမှာ ၀ဲပျံ
လွင့်ထွက်လာစဉ် ခဏ ပျော်နေမိမှာပါ
ပေါက်ကွဲ လွင့်စဉ်ထွက်ကျလာတဲ့အခါလည်း
ငိုနေမိမှာပါ…

မိုးပျံပေါင်းလေးတွေကို အားကျမိတော့
သူတို့နှင့် အတူ မိုးကောင်းကင်ကို
ခဏခဏ အလည်လိုက်ခဲ့ချင်တဲ့စိတ်က
အရူးအမူးပဲပေါ့…

ရွက်လွင့်ချင်တဲ့ ဒီစိတ်
စက္ကူလှေကလေးတွေ
ရေထဲ မျောနစ်ပါသွားတဲ့အခါ
ငိုနေမိတယ်
နောက်တစ်ချိန် ရွက်သစ်လုပ်ခဲ့ရအုန်းမယ် မဟုတ်လား…

သဲအိမ်တွေ လှပနေတဲ့အခါ
ကိုယ့်လက်ခုပ်သံက ကိုယ်ပဲပေါ့
သဲတွေ ရေစီးပြိုတဲ့အခါလည်း
သဲပုံနား ဒူးထောက်ကြည့်မိနေတာလည်း ကိုယ်ပဲပေါ့…

အတိတ်က နေရစ်ပေမဲ့
အရိပ်က လိုက်လာနေတုန်းပါ…။    ။

နရီထက်
( ၁၆ ၊ မေလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: May 16, 2011
Comment #1

ဆပ်ပြာဗူးပေါင်းလေးတွေ
လေထဲမှာ ၀ဲပျံ
လွင့်ထွက်လာစဉ် ခဏ ပျော်နေမိမှာပါ
ပေါက်ကွဲ လွင့်စဉ်ထွက်ကျလာတဲ့အခါလည်း
ငိုနေမိမှာပါ…

မိုးပျံပေါင်းလေးတွေကို အားကျမိတော့
သူတို့နှင့် အတူ မိုးကောင်းကင်ကို
ခဏခဏ အလည်လိုက်ခဲ့ချင်တဲ့စိတ်က
အရူးအမူးပဲပေါ့…
ဒိအပှဒ်လေးတွေကို တော်တော်ကြိုက်တယ် ကလေးဘ၀ ပြန်ရောက်သွားသလိုပဲ ဘ၀သရုမ်ဖေါ် ကဗျာလေးပဲ တော်တော် ကောင်းတယ်ကိုကြိး ဆက်လက်အားပေးနေမယ်နော်

ရွက်လွင့်ချင်တဲ့ ဒီစိတ်
စက္ကူလှေကလေးတွေ
ရေထဲ မျောနစ်ပါသွားတဲ့အခါ
ငိုနေမိတယ်
နောက်တစ်ချိန် ရွက်သစ်လုပ်ခဲ့ရအုန်းမယ် မဟုတ်လား

commentinfo By: thuya at May 16, 2011
Comment #2

(သဲအိမ်တွေ လှပနေတဲ့အခါ
ကိုယ့်လက်ခုပ်သံက ကိုယ်ပဲပေါ့
သဲတွေ ရေစီးပြိုတဲ့အခါလည်း
သဲပုံနား ဒူးထောက်ကြည့်မိနေတာလည်း ကိုယ်ပဲပေါ့…

အတိတ်က နေရစ်ပေမဲ့
အရိပ်က လိုက်လာနေတုန်းပါ………….
………….တကယ်အမှန်တရားတွေနော်.
အားပေးသွားတယ်နော်အကိုကြီး..

commentinfo By: myintmo at May 18, 2011
Comment #3

ကျေးဇူးပါ… ငါ့ညီမ မြင့်မိုရ် …

commentinfo By: Nayihtet at May 18, 2011
Comment #4

အတိတ်က နေရစ်ပေမဲ့
အရိပ်က လိုက်လာနေတုန်းပါ…။ ။
ကြိုက်တယ်ဗျာ

commentinfo By: sone.pyuu at Feb 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment