(၁၁)ကြိုးကဝေ
ငါကဝေ …… နင်ရှေ့မှာ ကြွေကြွေကျယောင်ဆောင်တတ်တယ်
နင်ပျော်အောင်လည်း အယောင်ဆောင် လိမ်လို့ ငါကိုယ်တိုင် တဘက်သတ်အလွမ်းတွေဖန်တီးတယ်
နောင်ဆိုတာမှာ နင်ပျော်အောင် ဖန်တီးဖို့ ငါအိမ်မက် ……….. ငါအစွမ်းရှိသမျှ အထပ်ထပ်လွမ်းပြတတ်တယ်
နင်ဝေဖို့ င့ါသွေးနဲ့ဖြန်း နင့်အတွက် ငါ ပန်းတစ်ပွင့်ပေးသေးတယ်
နင်လိုရင် အထွေထွေသုံး ငါအပြုံး တစ်ချက်မပျက်ဝူး ငါအရူးယောင်ဆောင်လို့
အထူးထူးထွေထွေ ဖန်တီး နင့်အတွက် ငါ ညည်းမိဖူးသလား ချစ်သူ
နင့်အတွက် အဖြူတွေဖန်တီးလို့ ငါဆိုတာ အချည်းနှီးဖြစ်ခဲ့ရင်တောင် ငါရိုးသားချင်ယောင်ဆောင်ခဲ့ပါတယ် ……… ။
နောင်အထပ်ထပ် နင်တဘက်သတ် ထားခဲ့တော့လည်း ငါ နင့်အနားပဲ ၀ဲလို့
တကယ်တော့ ငါဆိုတာ နင်ဖြတ်ကြိုးခဲ့တဲ့ ကြိုးတစ်ချောင်းနဲ့ ကဝေ
နင်သေဆိုသေ ရေဆိုရေ ….. နင်ဆိုသမျှ ဖန်ဆင်းပေမယ့်သူ
ငါမပူပါဘူး ….. နင်မရှိမှာ ငါမပူပါဘူး …… ငါ့အနား နင်မရှိမှာ …………. ငါ ….. မပူပါဘူး
တခါတခါ ငါအရူးလိုရွတ်နေတတ်သေးတယ် ………….. နင့်အတွက်ဆို အရူးယောင်ဖန်ဆင်းလို့ …..
အခုဆို နင်မရှိတဲ့ ညတွေမှာ ငါတစ်ယောက်ထဲ ထူးထူးခြားခြားရီနေတတ်ပြီ ………. ။
ငါကဝေ……နင်ခြေလှမ်းဖို့ ငါလမ်းခင်းထားတယ်
ငါ့ရင်ဘတ်နဲ့ပေါ့ ကြမ်းချင်သလောက်ကြမ်း ငါလွမ်းချင်သလောက်လွမ်း
နင်ခြေတစ်ဘက်လှမ်းဖို့ ငါ ရင်ဘတ်ပရမ်းပတာဖြစ်ပါစေ……
အသေအကြေပေါ့ ရူးမိုက်လို့
တကယ်တော့ ငါဆိုတာ ကြိုးတစ်ချောင်းနင်ဖြတ်ခဲ့တဲ့ (၁၁)ကြိုးကဝေ
Comment #6
ငါကဝေ……နင်ခြေလှမ်းဖို့ ငါလမ်းခင်းထားတယ်
ငါ့ရင်ဘတ်နဲ့ပေါ့ ကြမ်းချင်သလောက်ကြမ်း ငါလွမ်းချင်သလောက်လွမ်း
နင်ခြေတစ်ဘက်လှမ်းဖို့ ငါ ရင်ဘတ်ပရမ်းပတာဖြစ်ပါစေ……
အသေအကြေပေါ့ ရူးမိုက်လို့
တကယ်တော့ ငါဆိုတာ ကြိုးတစ်ချောင်းနင်ဖြတ်ခဲ့တဲ့ (၁၁)ကြိုးကဝေ
……….
တကယ်က တပုဒ်လုံးကောင်းတာ……….အရမ်းကောင်းတယ်
By: အသဲကွဲမိုး at Nov 23, 2010
Comment #7
သားသားရေ ခဏခဏလာလာပြန်ဖတ်မိနေတယ်….ကြိုက်လွန်းလို့..ရေးပါဦး
ကဝေလေးရေ
By: အသဲကွဲမိုး at Jan 24, 2011
Comment #9
ကဗျာ ထဲက ကဝေလေးရေ အပြင် မှာ ရော အဲ့လို အတတ်တွေတတ်လား
အဲ့ လို ဆို ကြောက်တယ်နော် 😛
By: hmwehmwe at Nov 14, 2011
Comment #10
ဟီးးးးး..ကျေးဇူး…
😀
By: သားသား at Nov 14, 2011
Comment #11
လွမ်းလို့ … ကဗျာလာဖတ်သွားတယ် … 🙁
By: Nge Lay at Nov 20, 2011
Comment #12
တကယ်တော့ ငါဆိုတာ ကြိုးတစ်ချောင်းနင်ဖြတ်ခဲ့တဲ့ (၁၁)ကြိုးကဝေ
By: May Kha at May 27, 2012




Comment #1
ကောင်းတယ်ဗျာ။ သားသားရဲ့ကဗျာတွေကိုကြိုက်တယ်။
ကဲ လူရွှင်တော် ကြယ် ကဝေ လေးရေ အသဲတွေဆက်ကွဲပြီး ထပ်ရေးပါအုံး။ အားပေးလျက်…….