အဲ့လိုလူ
ငါ့မှာ ငါစီးလို့မတော်တဲ့ အရမ်းကြိုက်တဲ့ ဖိနပ်ကလေးတစ်ရန်ရှိတယ်
ငါကိုယ်တိုင် သိမ်းထားရမလား လက်လွှတ်စွာပေးကမ်းလိုက်ရမလား…………………….
ဝေခွဲမရတဲ့ အတ္တတွေနဲ့ပေါ့ …. ငါဆိုတာ အဲ့လိုလူ
လူလူခြင်းတူရင်တောင် ငါ ရင်ဘတ်တစ်ခြမ်းထဲနဲ့ အသက်ရှူတော့တယ် ……..
ငါဆိုတာ အဲ့လိုလူ …….
နင် ယူမလာတဲ့ မနက်ဖြန်မှာ အသက်မပါတဲ့ဟန်တွေနဲ့ဆက်ရီပြနေတတ်တယ် နင်ပျော်အောင်ပေါ့
ငါဆိုတာအဲ့လိုလူ ………
ချစ်တာခြင်းတူရင်တောင် မေတ္တာခြင်းမတူဝူး …………….. လို့ နင်သိအောင် မပြောပြရဲတဲ့သတ္တိတွေနဲ့
တစ်ချက် နင်ကြည့်ရင်တောင် ငါ့ကမ္ဘာတစ်ခုလုံးဖျတ်ဖျတ်လူးအရူးပုံနဲ့ ………………..
ငါဆိုတာ အဲ့လိုလူ ………………….
မခူးရက်မနမ်းရက် ငါ့တသက် အသက်နဲ့လဲကာကွယ်ခဲ့တာ ငါ့ဘာသာ ဘီလူးတစ်ပိုင်းဖြစ်လဲ
နင်ရှေ့မှာ အရူးလိုဒူးထောက်တတ်တယ် ………….
တခါတလေ နေပူပူထီးအောက်မှာ ငါတစ်ယောက်ထဲ မိုးတွေရွာလို့ ……………
ငါဆိုတာ အဲ့လိုလူ ………………..
သမိုင်းမ၀င်စာမတင် နင်မမြင်အောင် လွမ်းတတ်တဲ့လူ …
နင် ယူဖို့ အသက်ပါအပ်ထားလည်း နင်မပူဖို့ အထပ်ထပ်ငါ ကာပေးတတ်လည်း
နင်မလိုရင်နောက်ကွယ်မှာ ပုန်းနေတတ်သူ
တကယ်တော့ ငါဆိုတာ အဲ့လိုလူ ……………………။
Comment #2
ထိတယ်~!
By: မြတ်ချစ် at Oct 23, 2010
Comment #5
အော်အော် ငါ့ မောင်လေး အဲ့လိုလူဆိုတာငါ အခုမှဘဲ သိပါတော့ကွယ် ။
By: နွေးနွေး at Dec 2, 2010




Comment #1
မိုက်တယ်ကွယ်…။