Professional Authors

လမိုက်ညရဲ့ကြယ်ကြွေသံ

ဂျိန်းဖောမြေကချစ်ရသူ
ရေရောထားတဲ့အညာသားလေးတစ်ယောက်က
တစ်မြေစီခြားနေတဲ့ သဘာဝတရားကို
အပြစ်တင်ပြီးမင်းကိုတမ်းတရင်း
သံစဉ်တွေညဉ်းလွန်းလို့ ကြယ်စင်တွေတောင်
ငြီးငွေ့နေပြီ………..
မတုန်မလှုပ်နေနိုင်ရက်တဲ့မင်းကို
လွမ်းတသသနဲ့ မှန်းဆပြီး ကဗျာတွေရေးရင်းနဲ့
ငါ့လက်ဖျားတွေအေးစက်ခဲ့ပြီ………….
မမှီတဲ့ပန်းတုံးခုလှမ်းလို့ ခြေချော်ကျသလို
အရုပ်ကြိုးပြတ်ခဲ့ရတဲ့ငါ့ဘ၀………..
ဂစ်တာအိုကြိုးပြတ်ပြီးသကာလ
သံစဉ်အဟောင်းတွေထပ်တလဲလဲညဉ်းရင်း
အပေါစားကဗျာတွေရေးလို့
တစ်ရက်ပြီးတစ်ရက် တစ်ရက်နဲ့
အသက်မဲ့မျှော်လင့်ချက်ကလေးရှင်သန်လာမလားစောင့်စားရင်း
လမင်းကြီးတောင် အလင်းရောင်မဲ့သွားပြီ………။

In: ကဗျာ Posted By: Date: Oct 18, 2010
Comment #1

juz nice poem..i LIK3 It,…

commentinfo By: ကြက်ခြေခတ် X at Oct 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment