Professional Authors

………………………………(5)

ဝေလည်းမွှေး..
ကြွေလည်း..မွှေး..နဲ့..
သေတဲ့ထိ…မောင်ပေးတဲ့ဒဏ်ရာတွေကို
သိမ်းပိုက်..ယု..ယ နေဦးမှာ။

နေလည်း…အေး.
နွေလည်း…အေး..နဲ့
မောင့်မျက်နှာလေးကို
သေတဲ့ထိ…..ဝေးခဲ့ရပြီဆိုတာ
သေ….ချာ….ခဲ့…..ရတယ်။

နေ့လည်း..ဆွေး
ညလည်း..ငေး..နဲ့
ဓာတ်ပုံထဲက…မောင့်မျက်ဝန်းလေး
မေ့..နှလုံးသားကို..ခြွေတယ်။

ဒီလိုနဲ့..ဒီလိုနဲ့ပဲ
  နေမထူး…သေမထူး
      ဝေလည်း..ရူး…ကြွေလည်းရူးနဲ့
အသေအလဲ..ဆွေး..ခဲ့ရတဲ့
နွေ…ရက်တွေထဲ…
……………အနေ..ခက်နေဆဲ…
တကယ်တော့..
မောင်ရယ်…………
ဒီရက်တွေထဲ…မေတစက်မျှ
မ ရယ် ခဲ့ နိုင်တာကို
မောင်
ပြက်ရယ်ပြုနိုင်ပါတယ်.
မေ…တသက်.စာ…ချစ်ခဲ့တာ..မို့။

(အချိန်တော်တော်ကြာတုန်းက..
 ချစ်သူကို..မှန်းလို့..ခိုးခိုးပြီး..မောင်လို့ခေါ်..ရေးခဲ့တဲ့ကဗျာလေးပါ)

In: ကဗျာ Posted By: Date: Aug 16, 2011
Comment #1

(အချိန်တော်တော်ကြာတုန်းက..
ချစ်သူကို..မှန်းလို့..ခိုးခိုးပြီး..မောင်လို့ခေါ်
အဲစာသားလေးကို ကဗျာထက် ပို သဘောကျတယ် :p

Comment #2

he,,he,,,
ko lu lin ka le…loak p.

commentinfo By: ei lay at Aug 16, 2011
Comment #3

ဟုတ်တယ်ဗျို့ .. အမောင်လုလင်ပြောတာမှန်တယ် .. 🙂

commentinfo By: chityellusoelay at Aug 16, 2011
Comment #4

လန်ထွက်နေတာပဲဗျာ
အချိန်တော်တော်ကြာတုန်းက..
ချစ်သူကို..မှန်းလို့..ခိုးခိုးပြီး..မောင်လို့ခေါ်..ရေးခဲ့တဲ့ကဗျာလေးပါ)
အဲဒီလိုမျိုးတစ်ယောက်လောက်ရှိရင်ကောင်းမယ် 😛

commentinfo By: လွမ်းနောင် at Aug 16, 2011
Comment #5

မေ မောင် မတွေကြီးဘဲဗျာ မိုက်ပါတယ် ဖတ်ရှုအားပေးသွားတယ်ဗျာ ။

commentinfo By: X - ray at Aug 16, 2011
Comment #6

အောက်ဆုံးစာသားလေး…သဘောအကျဆုံးပဲဗျာ…..

commentinfo By: terry at Aug 17, 2011
Comment #7

….
ဘာပဲကြိုက်ကြိုက်…ကျေးဇူးပဲ….အဟဲကြိုက်တယ်ဆိုရင်ကို..လူက…..မြောက်နေတာ…..

commentinfo By: အသဲကွဲမိုး at Aug 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment