Professional Authors

အသည်းခွဲဘုရင်မရဲ့အောင်မြင်မှုစာမျက်နှာ

အချစ်တံတိုင်းကိုဖျက်ဆီး
သံယောဇဉ်ခံတပ်ကိုထိုးဖောက်
နှလုံးသားမြို့တော်ရဲ့ကျရှုံးခန်းတိုင်ခဲ့ပြီ။

ရက်စက်ခြင်းလက်နကိုကိုင်စွဲ
သွေးဆာနေတယ့်လှောင်ရယ်သံတွေကြား
မီးတောက်လောင်နေတယ့်မျက်ဝန်းတစ်စုံမှာ
ငါအယူခံဝင်ခွင့်မရှိတော့ဘူးလား….????

(နင်..ငါ့ကိုချစ်တာသေချာလားဆိုတယ့်)
အမှန်တရားတစ်ခုအတွက်
အမှားတစ်ရာကိုငါထပ်ခါထပ်ခါလုပ်မိရင်း
သွေးမပျက်ခင်သိလိုက်ရတာ
ငါရှာခဲ့တယ့်အမှန်တရားက
ငါ့အတွက်မတရားခဲ့ဘူးဆိုတာပဲ။

တစ်ခါက
သိပ်လှတယ်လို့………ငါအသိအမှတ်ပြုဖူးတယ့်
နင့်နှုတ်ခမ်းလွှာကြားမှာ
အခုတော့………ငါ့……..နှ……..လုံး……သွေး……..တွေ
နင်ပျော်သင့်ပြီမဟုတ်လားဟင်……

တုန်ရီနေတယ့်ငါ့လက်ဖ၀ါးထက်
သွေးတွေပေကျံနေတယ့်နှလုံးသားနီရဲရဲတစ်ခု
အကျွန်ုအရှုံးပေးပါတယ်
သခင်မ………ကျေနပ်ပါတော့

In: ကဗျာ Posted By: Date: Aug 16, 2011
Leave comment commentinfo 3 Comments & 377 views
Comment #1

နှင်းဖွေးလေးက ယောကျာ်လေး လား
အားပေးသွားပါသည်

Comment #2

[ရက်စက်ခြင်းလက်နကိုကိုင်စွဲ
သွေးဆာနေတယ့်လှောင်ရယ်သံတွေကြား
မီးတောက်လောင်နေတယ့်မျက်ဝန်းတစ်စုံမှာ
ငါအယူခံဝင်ခွင့်မရှိတော့ဘူးလား….????]
……. ဒီလောက်ရက်စက်တတ်ရင်တော့ အယူခံမ၀င်သင့်ဘူးထင်ပါရဲ့ဗျာ …..

commentinfo By: linlatarkar at Aug 17, 2011
Comment #3

(နင်..ငါ့ကိုချစ်တာသေချာလားဆိုတယ့်)
အမှန်တရားတစ်ခုအတွက်
အမှားတစ်ရာကိုငါထပ်ခါထပ်ခါလုပ်မိရင်း
သွေးမပျက်ခင်သိလိုက်ရတာ
ငါရှာခဲ့တယ့်အမှန်တရားက
ငါ့အတွက်မတရားခဲ့ဘူးဆိုတာပဲ။
အားပေးသွားပါတယ်။နှင်းဖွေးလေး

commentinfo By: pome.poem28 at Aug 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment