Professional Authors

နင့်အတွက် ငါ့အချစ်

မာနတွေနဲ့တင်းခံတားပေမယ့်
ရင်ခုန်သံစည်းချက်ကို
မတွန်းလှန်နိုင်ခဲ့တော့
နင့်ရဲ့အဝေးမှာနေဖို့
ငါ့အတွက်တော့..မဖြစ်နိုင်ခဲ့ဘူး..
နင်က ငါ့အတွက်
အလွမ်းတွေနဲ့ဝေဒနာတွေသာ
ပေးနိုင်တယ်ဆ်ုရင်တောင်
နင်ပေးတဲ့လက်ဆောင်အဖြစ်
တယုတယငါ..သိမ်းဆည်းထားမှာပါ..
ကြိုမမြင်နိုင်တဲ့ ကံကြမ္မာကြောင့်
နင်..ငါ့ကိုထားခဲ့ရင်တောင်
နင်မမြင်နိုင်တဲ့နေရာမှာ
နင့်ကိုငေးရင်း…
ပျော်ရွှင်နိုင်ဖို့..ဆုတောင်းပေးပါ့မယ်
မျက်ရည်မြစ်လျှံနေတဲ့ ကောင်မလေးတစ်ယောက်ကပေါ့..

In: ကဗျာ Posted By: Date: Nov 27, 2011
Comment #1

wow………………….
i like so so much

commentinfo By: ei lay at Dec 31, 2011
Comment #2

very very like…… 🙂

commentinfo By: meso at Jan 12, 2013
Comment #3

2013,,,my feeling is same.

commentinfo By: ei lay at Jan 12, 2013
Comment #4

🙂

commentinfo By: heartless girl at Apr 25, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment