Professional Authors

ညနက်နက်

(၁)
အချစ်ဆိုတာ …
တခါတလေ ယစ်မူးစေတတ်သလောက်
တခါတလေကျ ကဗျာတပုဒ်လောက်တောင်
အသုံးမကျဘူး !

(၂)
အတ္တကင်းတဲ့ မေတ္တာဆိုတာ
မျက်ရည် မကျွေးဘဲနဲ့
ဘယ်မှာများရနိုင်လို့လဲ ?

(၃)
ညီမျှတဲ့ ချစ်ခြင်း
စစ်မခင်းဘဲ ရချင်တယ် ။

(၄)
မွန်းကျပ်မှုကို
ဘောင်ခတ်ပြီးနေရတဲ့ဘဝ
ကိုယ့်ကိုကိုယ်
အဆိပ်ကျွေးသတ်နေသလိုပဲ ။

(၅)
ငါ့ရဲ့ကောင်းကင်
ငါ့ကို လွတ်လပ်ခြင်းနဲ့
မျှော်လင့်ချက်တစုံသာ
ထောက်ပံ့ပါ
ငါ
အသင့်ဆီ
အရောက်လှမ်းခဲ့ပါ့မယ်
ငါ့နောက်တော့
ဘယ်သူမှ မလိုက်လာပါစေနဲ့
ငါ တယောက်တည်း . . .
ငါ တယောက်တည်း . . .
ငါ တယောက် . . .
ငါ . . . .

(ရှင်ထိပ်ထား)

In: ကဗျာ Posted By: Date: Oct 17, 2010
Comment #1

သိပ် သိပ် သိပ် သိပ်ပေါင်းများစွာကို ကောင်းပါ၏

commentinfo By: ကြက်ခြေခတ် X at Oct 17, 2010
Comment #2

သိပ် သိပ် သိပ် သိပ်ပေါင်းများစွာကို ကျေးဇူးတင်ပါ၏

commentinfo By: ရှင်ထိပ်ထား at Oct 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment