Professional Authors

ပျိုမြစ်ခြင်း

အသံသာသာ
ချစ်စရာ ရူပါအဆင်းနဲ့
ပျိုမဒီ လှလှ
အိနြေ္ဒရရ သူလှမ်းလာပေါ့
မာန အဆင်း
တဝင်းဝင်းနဲ့
စိန်နားကပ်လည်း
တလပ်လပ်နဲ့
ဒေါက်ဖိနပ်လည်း
တဒေါက်ဒေါက်နဲ့…..
သူ့အပါးမှ
အဆင်းအရောင်
ထွန်းလင်းမပြောင်
ခါးကိုင်းကိုင်းနဲ့
လေးကိုင်းသဖွယ်
ဖွားအိုအရွယ်…..
ဘာတွေတွေ့လည်း
ပျိုမြစ်ခြင်းဆိုတာ
ဘာတွေငေးလည်း
အလှတရားတွေ
ဘာကို မက်မောလည်း
ရာထူးဥစ္စာ
အိုကွာ ငါဘာကို သိလိုက်လည်း
တည်မြဲခြင်းဆိုတာ
………..
အသံတခု ငါကြားလိုက်တယ်
ကားရှေ့မှာ ကောင်မလေးတစ်ယောက်
ငါ့အပါးမှ ထွက်ခွာသွားသူ
ပျိုမဒီလေး မဖြစ်ပါစေနဲ့….
ဆုတောင်းရုံသာ
တွေးမိရုံသာ
……………..
………
……
..
.
လှပခြင်းနဲ့ သွေးကွက်များစွာ
တောက်ပခြင်းနဲ့ မေးမှိန်ခဲ့တဲ့ စိန်တစ်ပွင်
မာနတွေကင်းမဲ့နေတယ့် ရုပ်ကလာပ်တခု
ဘယ်သူလဲဆိုတာ
ငါမကြည့်ခဲ့ပေမယ့်
ဘာအကြောင်းလဲဆိုတာ ငါကြားနေတယ်
ငယ်ငယ်လေးတော့ ကောင်မလေးက
လှလှလေးတော့ ကလေးမလေး
…………..
……..

.
.
အိုလောက ဘယ်အရာက ပျိုမြစ်နေလည်း.
ကျွန်ုပ်ကို သင်………
……..
…..
….
.
“ဒုန်း”

ငါကိုယ်တိုင်မဖြစ်လိုက်ပါစေနဲ့…………………

………………………………………………………မြူမင်းသွင်

In: ကဗျာ Posted By: Date: Nov 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment