Professional Authors

ဗီးနပ်စ် ကတဲ့ ည

ကြည့်စမ်း
ရယ်သံလေး လွတ်လပ်ပေါ့ပါးနေလိုက်ပုံများ
အနာဂတ်ဆိုတာ အနဂ္ဂ လားတဲ့
အဲဒီလို အသိဥာဏ်ကို တစ်လွှာချင်း ခွာချရင်း
ညှို့တယ်
ဖွေးအိနေတဲ့ ရေခဲမုန့် ပေါ်က
ပန်းရောင် ချယ်ရီသီးလေးတွေလို
မြင်ကွင်းမှာ ရင်ခုန်သံက
လှိုက်ခနဲ
တဖြည်းဖြည်း နဲ့
ရင်ခွင်ထဲ ပြိုအိကျလာတဲ့
တားမရဆီးမရ ကနွဲ့ကလျ
အဲဒီညက
ငါ အလိုတူအလိုပါ
မီးထဲ ခုန်ချရဲခဲ့တယ်။

In: ကဗျာ Posted By: Date: Oct 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment