အင်္ဂါသမီးလေးရေ . . . အဲဒီတစ်စုံတစ်ရာဆိုတာ ဒို့ တွေ သတ်ပုံမှားခဲ့ကြတဲ့ အိပ်မက်တွေပါပဲ
သက္ကရာဇ်တွေ ဝေကာလွှမ်းခြုံ
နှစ်တွေရဲ့ မီးခိုးငွေ့ အိပ်မက်တိုင်းမှာ ငါ အေးခဲဖြစ်နေဦးမှာပါ
နေခြည်တွေ ဘယ်လိုပုံစံနဲ့ လင်းလင်း
အေးခဲအမှတ်က အပူချိန် ထပ်တိုးမလာနိုင်တော့ဘူး
ရင်ခုန်သံတို့ ပစ်ခွင်းရိုက်ချိုး အဖြစ်ဆိုးတဲ့ မိုးတစ်နေ့ မှာ
ဟုတ်တယ် . . . အဲဒီ မိုးတစ်နေ့ မှာ ပါပဲ
မာတိကာ မှာ နိဂုံးနဲ့ စခဲ့တယ်
အံကိုစေ့စေ့ကြိတ် မျက်လုံးကိုစုံမှိတ်လို့ အကြောက်အကန်ငြင်းနေသူဟာ
သူ့ ရဲ့ နောက်ဆုံးအချိန်ထိ မေးဖျားတုန်ခါ ရှိုက်ငင်သံ တချို့ နဲ့ 
ချစ်တယ် လို့ ဆိုနေဦးမှာပါ
မယုံဘူးဆိုခဲ့ရင်တောင် ပုံပြင်လို့ မှတ်ပေါ့ကွယ်
အဲဒီလူသား ငါဟာ ပုံပြင်ထဲက လူလိုပါပဲ
ဆန့် ကျင်ဘက် အရပ်ကို ခရီးသွားခဲ့တယ်
နှလုံးသားရှိရာ အရပ်က ငါနဲ့ သူစိမ်းသွင်ပြင် ဆန်လွန်းပါတယ်ကွယ်
အဖြေလွှာကို မှင်နီ နဲ့ စခဲ့ဖူးသူတစ်ယောက်မို့ 
အတွေးအခေါ်တွေ မျိုးတုံးသွားတာ ငါအခုထိ အသက်ရှု ကြပ်တုန်းပါပဲ
မနက်စာ စားချိန်တွေ နေ့ လည်စာစားချိန် တွေ ငါ မရှိပေးခဲ့ဖူးလို့ ပဲ မှတ်ပါ
အဲဒီ အတွေးတွေဟာ နင့် အပြုံးတွေကို ပိုအသက်ဝင်စေလိမ့်မယ်
လွမ်းလို့ ဖုန်းခေါ်ချိန်တွေ နှုတ်ဆက်ဖုန်းပြောချိန်တွေ ငါ မရှိခဲ့ဖူးလို့ ပဲ မှတ်ပါ
အဲဒီ အတွေးတွေဟာ နင့်အကြားအာရုံတွေကို ပိုပြီး နာဝင်ချိုစေလိမ့်မယ်
ဆောင်းနဲ့ တူတဲ့ အလွမ်းထက်စာရင် တစ်ခါတစ်ခါ ငါ့ကိုယ်ငါ မီးလို လောင်ပြလိုက်ချင်တယ်
ကျိန်စာကားချပ် ခပ်ပါးပါးအုပ်ထားတဲ့ ဒိုင်ယာရီ လေးထဲက ရက်စွဲတစ်ချို့ မှာ
လိပ်ပြာလေးတွေ တောင်ပံတွေ နာနေကြတယ်
ဘယ်လိုများပါလဲ . . ဖတ် ရင်း ပြန်ငိုဖို့ ခွန်အား
အဘယ်သော စေတန်မျိုးက ပေးအပ်ခဲ့သလဲ
ဒီလိုပါပဲကွယ် . . .
ငါဆိုတဲ့ ငါ ဟာ
မှောင်ပိန်းနေတဲ့ ရာသီဥတု လိုပါပဲ
နင့် အကြောင်း ထပ် ထပ် တွေးမိတိုင်း
အဲဒီထုထည်တွေရွာကျ ရက်လွန်သံစဉ်တွေ နဲ့ 
စောင်းသမားလဲ လက်ညောင်းလှပြီ
နဂါးသရေချပ်မှာ နင့်နာမည် အလုံးစုံတို့ ကို ရေးထိုး
အခါခါ မိုးလင်းခဲ့တာလဲ . . သြော်. . . မျက်ကွင်းတွေ ညိုမဲလုပါပြီ
ဘာပဲဖြစ်ဖြစ် . . . နင်လဲ ငါ့ကို မေ့လိုက်ပါတော့
ငါ ဆိုတဲ့လူကို နင် ဘောင်တပ်ပြီး ကြည့်လိုက်ပါ
တကယ်တော့ ငါဟာ လှုပ်ရှားနိုင်တဲ့ သက်ဝင် ပန်းချီကား တစ်ချပ်ကလွဲရင်
ဘာမှ မရှိတဲ့ သုည တစ်လုံးပါပဲ
ဆိုခဲစေ မြဲစေ . . . ငါ နင့်ကို သိပ်ချစ်တာပဲ
(သူကြားရင် ရယ်နေမှာပါ )
အခုဆိုရင် ငါဟာ အတွေးအခေါ်ဟောင်းကြီးနဲ့ 
မီရာ ရာထားစီးပြီး အသည်းကွဲပြနေလို့ 
ဆိုင်သူတချို့  အရူး လို့ သမုတ်နေကြပြီ
ခေါက်ရိုးချိုးပြလိုက် ဖြန့် ခင်းပြလိုက် နဲ့  ငါဟာ မြေပုံကားချပ်ကြီးလိုပါပဲ
လမ်းညွန်ပြတတ်ပေမဲ့ ကိုယ်တိုင် မသွားတတ်ခဲ့ဘူး
ဒါ မရယ်ရဘူးလား . . .
ငါဟာ အိပ်မက်တော့ မက်တတ်တယ် . . . ဒါပေမဲ့ မအိပ်တတ်ဘူး
ငါဟာ စိတ်ကူးတော့ ယဉ်တတ်တယ် . . . ဒါပေမဲ့ စိတ်ကူးတွေကို အကောင်အထည်မဖော်တတ်ဘူး
ငါဟာ ချစ်တော့ ချစ်တတ်ခဲ့တယ် . . . ဒါပေမဲ့ တန်ဖိုး မထားတတ်ခဲ့ဘူး
ငါ့ရဲ့ ဘယ်ဘက်ရင်အုံအောက်က ထာဝရ သက်ဝင်လှုပ်ရှားနေမဲ့
အင်္ဂါ သမီး လေးရေ . . .
ငါဟာ သွေးသားနဲ့ လည်ပတ်နေခဲ့တဲ့ စက်ရုပ်တစ်ရုပ် ဆိုတာ ကို နားလည်သဘောပေါက်စေချင်ရဲ့ 
ဒီလိုနဲ့ . . . . အဲဒီလိုနဲ့ . . . ငါဟာ တံလျှပ်တွေ ကြားထဲမှာပဲ အခါခါ ငါးမျှားခဲ့ဖူးတယ်
တစ်ခါတစ်ခါ နင့်ရဲ့ ကျောင်းလွယ်အိတ်လေးကို လွမ်းတယ်
တစ်ခါတစ်ခါ နင့်ရဲ့ ခေါင်းစည်းကြိုးလေးတွေကို လွမ်းတယ်
တစ်ခါတစ်ခါ နင်သုံးထားတဲ့ အဖြူရောင် တစ်ရှူးစလေးတွေကို လွမ်းတယ်
လောကကြီးမှာ ချစ်ပြီး မပေါင်းချင်ကြတာ ဘယ်သူများရှိမလဲကွယ်
ခက်သားပဲကွယ် . . .
ဘ၀ဆိုတာမျိုးက ပုံစံခွက်ထဲထည့်ပြီး လိုသလို ပုံသွင်းလို့ မှ မရနိုင်တာ
သနပ်ခါးတွေ သွေးယူထားပေမဲ့ မွှေးကြူဖို့ ငါ မဖြစ်နိုင်တော့လို့ ပါ. . . ငါတကယ် မဖြစ်နိုင်တော့လို့ ပါ
ဟိုတစ်နေ့ က ကြယ်ကြွေတုန်းက ငါဆုတောင်းခဲ့တယ်
ငါ အာလာဒင် မီးခွက်ငယ်လေး သိပ်ဖြစ်ချင်တာပဲ
နင် ပွတ်သပ်လိုက်မဲ့ ဘယ်အချိန်မျိုးမှာမဆို
“ ဘာအလို ရှိပါသလဲ သခင် ´´ ဆိုတဲ့ စကား
ပဲ့တင်သံ လို ကြားရမယ်ဆိုတာ ငါ အမှောင်ကမ္ဘာထဲက အာမ ခံရဲပါတယ်
ငါ နင့်ကို ပြည့်စုံပြောင်မြောက်တဲ့ အချစ်မျိုးနဲ့ မချစ်တတ်ခဲ့တာက လွဲရင်
ငါ နင့်ကို ချစ်ခဲ့ပါတယ် . . .
လွန်လေပြီးသော အတိတ်ဖြစ်ရပ်မှာ
အလွမ်း လိုက်မဲ့ မုဆိုးတစ်ယောက်အတွက်
လောကကြီးရေ . . မန္တန် တစ်ပုဒ်လောက် ပေးသနားပါ
ငါ အငွေ့ ပျံသွားချင်လိုက်တာ . . . .
ငါဟာ ဒီလိုနဲ့ ပဲ
အမြင့်က ပြုတ်ကျလိုက် အမြင့်ကို ပြန်တက်လိုက် နဲ့  သံသရာ တစ်ပတ်စာ လည်နေဦးမှာပါပဲ
မနှစ်က သောက်တဲ့ အရက်ခွက်က ဒီနှစ် မိုးထဲရောက်မှ မူးတယ်
ဖုတ်ဖက်ခါ ထလာတဲ့ နှလုံးသားမှာ သွေးစိမ်းရှင်ရှင်နဲ့ 
ဒိုင်ယာရီ စာအုပ်ရှေ့ ရောက်တိုင်း နင့်အကြောင်း auto writing ၀င်တယ်
ဒီ အချိန်ဟာ ငါ့အတွက် နေမြင့်နေပြီ . . .
ဘာပဲဖြစ်ဖြစ် ငါ တစ်ခါလောက် အိပ်ရေး၀၀ အိပ်ချင်တယ်
င့ါရင်ထဲက တစ်စုံတစ်ရာ အတွက် အပြီးအပိုင် နှုတ်ဆက်ခဲ့တယ်ကွယ်
ငါ တကယ် အိပ်တော့မယ်
ငါ့ မျက်လုံး ထဲက အတိတ်တွေမှာ . . .
ရေခဲမြစ်တွေ အရည်ပျော်ကျကုန်ပြီ
ကျောက်ဖြစ်ရုပ်ကြွင်းတွေ လှုပ်ရှားနိုးကြားနေကြပြီ
ချုပ်တည်းထားတဲ့ အိပ်မက်တွေ ပြန်လည် ပျံသန်းချင်နေကြပြီ
ဒီတော့ . . .သခင် ရေ
စကြာဝဋ္ဌာမှာရှိတဲ့ ကြယ်တွေအားလုံးအစား ငါ့ကိုယ်ငါ ခြွေချလိုက်တော့မယ် . . .
နှလုံးသားရှိတဲ့အရပ်ဆိုတာ ငါ့အတွက် တကယ် သူစိမ်းဆန်လွန်းလှပါတယ် ၊၊ ၊၊
လမင်းဇော်
[email protected]
Comment #2
ကျွန်တော့် အဖြစ်အပျက်တွေ နဲ့ တထပ် တည်းကျနေလို့လား မသိဘူး.အ၇မ်း ကောင်းတယ် အကို ၇ယ်….
အားပေးလျှက် ပါ……….
By:ုkaungzaw at Dec 31, 2011
Comment #3
အရမ်းgoodတယ်ဗျ
အားပေးသွားပါတယ်။
By: poem.poem28 at Dec 31, 2011
Comment #4
phat yone ne tin maw like tar …
yae de thu so yin be lout myar khan sar ya ma le naw
By: ei lay at Dec 31, 2011
Comment #5
အခုလိုအားပေးသွားကြတဲ့ yeawintaung(ရွှေကြယ်မိုး) ၊ ကိုကောင်းဇော်၊ poem.poem28 နဲ့  အိလေး တို့ ကို ကျေးဇူးတင်ပါတယ် ၊၊ ဘယ်လိုပဲဖြစ်ဖြစ် စုတ်ပြတ်သတ်နေတဲ့ ကျွန်တော့်ရင်ထဲက ခံစားချက်တွေကို အားပေးတဲ့လူရှိလို့  ကြည်နူးမိပါရဲ့  ၊၊ 😛 😛
By: လမင်းဇော် at Jan 1, 2012
Comment #6
sote pyat tat nay de yin hte ka khan sar chat ,,,,hote lar?
harrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrr
d lout khan sar nay ya dar ko myar…..
ma tay yone ta me pe naw.
By: ei lay at Jan 1, 2012




Comment #1
ရွှေကြယ်မိုးမှ အားပေးသွားပါသည်။
အရမ်းကြိုက်တယ် လမင်းဇော်ရေ
အင်္ဂါသမီးလေး အကြောင်းကလည်း
ပြည့်စုံပါပေ့