Professional Authors

မျက်ရည်များနဲ့ IT နှလုံးသား

အသည်းနှလုံးက ပြီရယ်ယို
ငါ့မျက်လုံးက မျက်ရည်ငို
မိုးကောင်းကင်ကလည်း မိုးရယ်ညို
ရွာသွန်းလိုက်ပါမိုး
ပြက်သားနေတဲ့ငါ့မျက်ရည်တွေ
သူ့တစ်ယောက်အတွက်နဲ့
ယိုစီးဖိတ်ကျ ဖိမရဖုံးမရ
ငါ့မျက်လုံးတွေ လည်း
နီရောင်ကိုင်းနေလို့
အမြင်တွေဝိုးဝါး
နားကားနေတဲ့လူ့ဘဝအလည်မှာ
မိုးကောင်းကင်မျက်ရည်များနဲ့အတူ
ငါ့မျက်ရည်တွေလည်း
ရောနှောစီးဆင်းချင်တယ်။

ဒါတွေအိမ်မက်မဟုတ်
လက်တွေ့အဟုတ်ဘဝမှာ
သူမသိနိုင်တဲ့ ငါ့မေတ္တာရယ်
အကြင်နာရယ် အချစ်တွေရယ်
သိမ်းကာများလို့
ငါ့နှလုံးသားလေးကိုတောင်
(GB)တိုးဖို့ ပြင်ဆင်နေရပါပြီ။

မင်းနဲ့မှ ချစ်တတ်လို့
နောက်မချစ်တတ်တော့အောင်
ရင်ခွင်မှာ bunker ဆောက်
Auti-Virus တွေ အထပ်ထပ်တား
ပျံ့နှံ့မသွားရေးအတွက်နဲ့
အိပ်မရတဲ့ ရက်ပေါင်းတွေလည်း
များခဲ့ပါပြီလေ။

သူနဲ့ကြုံလို့
ဒီမှာဆုံခဲ့ရင်တော့
ငါလေချစ်ဆဲ
အရင်အတိုင်းဘဲ
မမေ့သေးပါ အချစ်ဆုံးလေး
မင်း….
ငဲ့ ညာခဲ့ပါတော့ကွာ။

In: ကဗျာ Posted By: Date: Oct 16, 2010
Comment #1

Wow;,,,,
Great

commentinfo By: ei lay at Aug 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment