ကျွန်မ နှင့် မငိုသော မျက်ရည်များ – သွဲ့သွဲ့
လှုပ်လီလှုပ်လဲ့ သစ်ရွက်ကလေးများအား
တီးတိုးပြောကြားပါ…။
အချစ်ဟူသော နတ်ဘုရားအား
ကျွန်မသည် ကိုးကွယ်သူမဟုတ်…
ယုံကြည်သက်ဝင်သူသာဖြစ်ပါကြောင်း..။
ဝေးကွာနေကြသော ကာလတွင်
ကျွန်မ..ပန်းပင်ကလေးများပျိုးခဲ့ပါသည်.။
ဘာသာစကားမတူငြား
ပန်းတို့ ဂီတသည် ချိုမြ၏..
ကျွန်မ
တိတ်တိတ်ကလေးရင်ခုန် ဖူးပါပြီ.။
ပုန်းသောအခါ
ရှာရလွယ်၍
ကွယ်သောအခါ
ရှာတွေ့နိုင်ခဲသော လမင်းကလေးကို
ကျွန်မချစ်ခဲ့၏.။
ကျောက်ဆောင်တွေဆီသို့
လှိုင်းများဆိုက်ရောက်ချိန်တွင်
သဲမြေသောင်စပ်၌
ကျွန်မ ကဗျာစပ်ဖြစ်၏…။
သူ၏ နာမည်သုံးလုံးသည်ပင်
ကျွန်မ သီကုံးပန်သော
မညှိုးပန်းဖြစ်ခဲ့..
ဤသစ္စာတရား တန်ခိုးဖြင့်
သူ..ဘယ်သောခါမှ မငြိုးနွမ်းပါစေ..။
မိုးကုတ်စက်ဝိုင်းက
ပင်လယ်ကို ခိုးနမ်း၏.။
ဆည်းဆာရောင် တိမ်လိပ်များ
သူ့ပခုံးထက်မှာ ထမ်းခဲ့ပြီလား…..
ကျွန်မ
လှိုက်လှဲစွာ လွမ်းပါသည်..။
မျက်ရည်တစ်စက်
ကျွန်မပါးထက် စီးသက်ကျ၏.။
ငိုကြွေး ခြင်းမဟုတ်သော..
ယုံကြည်ခြင်း၏ မြစ်ဖျားသည်
ကျွန်မ နှလုံးသားမှ စတင်ခဲ့ပါပြီ….
ကျွန်မ မျက်ရည်ကျသည်
သို့သော်
ကျွန်မ မငိုပါ…။
သွဲ့သွဲ့
Comment #2
Get lots of encouragement.
By: ei lay at Nov 29, 2012
Comment #4
ခံစားသွားတယ်ရှင့်
By: မေပျို at Nov 29, 2012




Comment #1
သွဲ့ နင့်ကဗျာလေးတွေကို ငါအရမ်းချစ်တာဘဲ..။ တကယ်ပြောတာ..။
နိုးဆက် နေ့