အစေခံနှလုံးသား
ချစ်သူရေ…..
ကျေနပ်လိုက်ပါတော့…
နင် မုန်းပါတယ်ဆိုတဲ့
ငါ့မာနတွေ..တစတစနဲ့ ကြွေကျနေတာများ
အတူထိုင်ငိုခဲ့ဖူးတဲ့….ခုံတန်းလျားလေးမှာ
မျက်ရည်တွေတသီကြီးနဲ့……
မာနအကြွေတွေလိုက်ကောက်နေရပြီလေ။
ထွက်သွား…ထားသွားခဲ့သူ နင့်ရင်ထဲက
နာကျင်ခြင်းဆိုတာ
ကျန်ရစ်ခဲ့သူ ငါ့အပြုံးတွေလောက်
ဒဏ်ရာနက်ပါ့မလား…..???
ဘယ်ရာဇ၀င်..ဘယ်သမိုင်းမှာရှာရှာ
ထားခဲ့သူမှာ အလွမ်းမရှိတာ
ဒါတွေ..ငါ အယူတိမ်းခဲ့လို့
နှလုံးသားတစ်ခုလုံး ဆုံးခဲ့ရပါတယ်။
ကျောခိုင်းလှည့်ပြန်လာရမဲ့အစား
ဝေးဝေးထွက်သွားတဲ့..နင့်.အကြင်နာတွေများ
တချိန်ပြန်လှည့်လာမလား..စိတ်ကူးနဲ့
ခြေစုံရပ်..မျှော်လင့်နေမိတဲ့..ငါ..ကသာ
ရာဇ၀င်တွင်မဲ့….အစွဲအလမ်းလွန်သူပါ။
တကယ်တော့…ချစ်သူရယ်…
အရင့်အရင်တုန်းကတည်းက
မလွန်ဆန်ခဲ့ဖူးတဲ့…နင့်အကြည့်တွေအပေါ်
နာခံရတာကိုပဲ..နှစ်ခြိုက်နေခဲ့သူပါ..
နင်..က….
အနားကိုလာစေဖို့လက်ကမ်းခဲ့တုန်းကလည်း
ငါ.ခြေမဆိုင်းခဲ့သလို
နင်..က
ကျန်ခဲ့စေဖို့..အရိပ်အယောင်မျှပြရုံနဲ့
ငါ.နှုတ်ပိတ်ဆွံ့အ..အသည်းခြွေလို့
နေရစ်ခဲ့တယ်….
အဲသလောက်..အဲသလောက်ထိ
နင့်..ကို ငါ..ယုယမြတ်နိုးခဲ့တာပါ။
နင်..1 ရက်ပျော်စေဖို့
ငါ့..ဒဏ်ရာ..1သက်နက်မယ်ဆိုရင်လည်း
အဲဒီ 1 ရက် ကိုယ်တိုင်ရွေးချယ်လို့…
ငါ..ကျန်နေခဲ့ပါတယ်..
နင့်..ရာဇ၀င်ထဲမှာပေါ့။
Comment #9
………:)
By: moehtetaung18 at Jan 31, 2011
Comment #12
ကျေးဇူးပါ… ထူးဝေ….အများကြီးကျေးဇူး
By: အသဲကွဲမိုး at Feb 2, 2011
Comment #14
:'(
:'(
:'(
By: ei lay at Aug 22, 2012
Comment #15
နင်..1 ရက်ပျော်စေဖို့
ငါ့..ဒဏ်ရာ..1သက်နက်မယ်ဆိုရင်လည်း
အဲဒီ 1 ရက် ကိုယ်တိုင်ရွေးချယ်လို့…
ငါ..ကျန်နေခဲ့ပါတယ်..
နင့်..ရာဇ၀င်ထဲမှာပေါ့။
By: chawchaw at Mar 30, 2013




Comment #1
ဟာ……. ကောင်းလိုက်တာ မမိုး ကဗျာကိုပြောတာ