မျက်ရည်များဖြင့် ရေးခဲ့ရပါသော
ငါ့ အတွက်
သံယောဇဉ်ဆိုတာမျိုး
နည်းနည်းလေးတောင် ထားမပေးနိုင်တော့ဘူးလားကွယ်
အဲဒီ တုန်းက ငါ့ “အပြုံး” တစ်ခုနောက်မှာ
နာကျင်နေသော ဝေဒနာ ရှိခဲ့တယ် ၊၊ ၊၊
အခါခါ သော ငါ့ရဲ့ ပေးဆပ်ခဲ့မှု တို့ က
နင့် “ အပြုံး ” တစ်ခု အတွက်
အထောက် အကူ ပြုခဲ့ပါသလား ချစ်သူ
နင် ခေါင်းမရမ်း ခဲ့ပေမဲ့
ခေါင်းလဲ မညိမ့်ခဲ့ဘူး ဆိုတာ
ငါ အသိဆုံးပါ၊၊ ၊၊
ငါဟာ “ အိတ်ပေါက်နဲ့ ဖားကောက် ” သလို များ ဖြစ်နေခဲ့မလား
မချစ်မှန်း သိရက်နဲ့  စတေးခဲ့မိရုံတင်ပါ
နင် မာယာ မပါခဲ့ပါဘူး
ဖြစ် ပျက် ဇာတ်လမ်း တစ်ပုဒ်လုံး
ငါ့ အမှားပါကွယ် ငါ့အမှားပါ ၊၊ ၊၊
ငါ့ရဲ့ ဝေ့၀ဲ တက်လာတဲ့ မျက်ရည်မှာ
တောင်းခံ တာ မျိုး မရှိဘူး
တောင်းပန်တာ မျိုး မရှိဘူး
နင့်သဘောထား အမှန် ကို
ထောက်ပြခဲ့တဲ့ အတွက်
ကျလာတဲ့ “မျက်ရည်” ရယ်ပါ
သူတို့ နင်းဖြတ်ခဲ့တဲ့ ငါ့ပါးပြင်မှာ
သူတို့ ခြေရာ အခုထက်ထိ ကျန်တုန်းပဲ ချစ်သူ ၊၊ ၊၊
တစ်ခါတစ်လေ မှာ
ဟစ်အော်သံ အချို့ ကြားမိရဲ့ လား ချစ်သူ
အဲဒါ ဂစ်တာ တစ်လက် နဲ့ ခြေရာဖျက်တဲ့ ငါရယ်ပါ
ကြိုးခြောက်ချောင်းနဲ့ တစ်ညတာသော တစ်ဘ၀စာကိုတည်ဆောက်
အဲဒီလို ည မျိုးဆို ငါ အိပ်မပျော်တတ်ဘူး ၊၊ ၊၊
နင် သိရဲ့ လား
နင် ကျောခိုင်းခဲ့တဲ့ အဲဒီ လမ်းလေးမှာ
ငါ အခုထိ အလွမ်းတွေ ကောက်တုန်း ပဲ
အဲဒီ လမ်းခွဲ လေးမှာ
အလွမ်းရေးတဲ့ ခက်ဆစ် ကဗျာ အချို့ ရှိတယ်
ချစ်သူ ရယ် . . .
နင်သာ ငါ့ကို မမုန်းခဲ့တာ မှန်ရင်
ဒီကဗျာကို နင်မြင်နိုင်ပါစေကွယ် ၊၊ ၊၊
ငါ နိမ့်ပေးထားလို့ ပဲ “လှံ အခါခါ စိုက်ခဲ့သလား”
အဲဒီ ကာလ မှာ ငါ့ဒဏ်ရာဟာ
ဘယ်သော အခါမှ မကျက်ခဲ့ဘူး
“ထာဝရ” အတွက် လိုအပ်ရင်တောင်
ငါဟာ ထာဝရ အတွက် နိမ့်ပေးထားမဲ့သူ
ဟုတ်တယ် ချစ်သူ . . .
ငါဟာ အရှုံးများနဲ့ မြေနိမ့်လေးရယ်ပါ ၊၊ ၊၊
တကယ်တော့လေ ငါဟာ
ရုန်းထွက် မရတာ မဟုတ်ပါဘူး
ရုန်းမထွက်ချင်တော့တာ
တကယ်တော့ ငါဟာ
ရာဇ၀င်ထဲက လူမိုက်ကြီးရယ်ပါ
တိတိကျကျ ပြောရရင်တော့
ငါ အချစ်ကြောင့် မှောင်သွားခဲ့ပြီ ၊၊ ၊၊
နင့် အတွက်တော့ ငါ့ရင်ခွင်ဟာ
“ အောင်မြေ” ပေါ့
ပြုံးပြုံးကြီးသာ သိမ်းပိုက်လိုက်ပါလားကွယ်
နင့် လုပ်ရပ်တို့ အမှားမပါခဲ့ပါဘူး
ရှိနေပြီးသော အဖြူနုနုကို
ဆေးရောင်ခြယ်သော ငါပါ
တောင်းပန်ပါတယ် ဆိုတဲ့စကားနဲ့ လဲ
အရာရာကို မပြီးမြောက်စေနိုင်ခဲ့
စို့ နစ်စေသော နောင်တ များမှာ
အစင်းစင်းသော မြစ် များက
ငါ့ ပါးပြင်မှာ ခြောက်နှင့်နေခဲ့ကြတယ် . . .
ကြယ်ကြွေ ကောက်ချင်သော “လက်”
ပန်းကြွေ ကောက်ချင်သော “လက်”ရယ်ပါ
အနူလက်နဲ့ ရွှေခွက်နှိုက်သလိုများဖြစ်သွားသလား
နာရီတွေသာ ပြန်လှည့်လို့ ရနိုင်စတမ်းဆိုရင်
ချစ်မိစေသော ငါ့စိတ်တွေ ရုပ်သိမ်း
သံယောဇဉ် လက်ကျန် အချို့ 
ရင် ထဲမှာ သိုဝှက်လိုက်ချင်တယ်
ငါဟာ “ပန်းတိုင်” ဆိုတာထက်
“စမှတ်” ကို မရှာနိုင်ခဲ့ သောသူ
ဖြစ်သင့်တာထက် ဖြစ်ချင်တာကို ဦးစားပေးခဲ့မိသောသူ
ငါ့ရဲ့ အမျိုးမျိုးသော အားနည်းချက်များဟာ
နင် မချစ်နိုင်စေသော အကြောင်းအရာ များကို
လမ်းညွှန် ပြစေခဲ့သလား . . .
မြေပုံတစ်ချပ်ကို တွေ့ မိရုံနဲ့ 
အဲဒီ ခရီး ကို မရောက်နိုင်ဘူး ဆိုတာ
ငါ့ အတိတ်ခါးခါး များ အရ သိခဲ့ရပြီ
ငါ့ကို ဘာမှ ထပ်မပြောပါနဲ့ 
နင့်ကို မချစ်ဖို့ ဆိုတာဟာ
နင်ထင်တာထက်တော့
ငါ့အတွက် ပိုပြီးခက်တယ် . . .
မြားပစ်သူလဲ ငါပဲ
စေခိုင်းသူလဲ ငါပဲ
မြားမှန်သူလဲ ငါပဲ
နင်သိလား
ဝေဒနာတွေထဲမှာ လျစ်လျူရှုထားခံရခြင်းဟာ
အနက်နဲ ဆုံး နဲ့ အနက်ရှိုင်းဆုံး
နာကျင်မှုမျိုးရှိတယ်
မုန်တိုင်းတွေနဲ့ နာရီများအကြား
ဒီ ၀မ်းနည်းမှု ပန်းချီကား
ဘယ်တော့များမှ အဆုံးသတ်မလဲ
မရှိတာထက် မသိတာ ခက်သတဲ့
ဒီ ခြေလှမ်းတို့  နောက်ပြန်မဆုတ်နိုင်ခဲ့တော့
ငါ ဘာမှ မသိတော့ပါဘူး ကွယ် . . .
ငါ့ နံရံ အထက် ဝေဒနာ အသွားများ
လမ်း သလား ခဲ့ကြပြီ
နံရံ ရဲ့ အခြားတစ်ဖက်မှာ
နင် မသိတဲ့ ငါ့ ဒဏ်ရာများရှိတယ်
အသက် သွင်းမိတဲ့ ကဗျာမှာ
နှစ်ချို့ မျက်ရည်များ ရှိတယ်
ကျိန်စာရယ်…… မျက်ရည်များလဲ
ခမ်းခြောက်စေ
မုန်တိုင်း များလဲ ပြယ်ပျောက်ပါစေတော့
အို . . . . ချစ်သူ ရယ်
ငါ ရိုကျိုး ရပါသော မြစ်တစ်စင်းထဲ
ငါ အခါခါ နစ်မြှပ်ခဲ့ဖူးပြီ၊၊ ၊၊
Comment #2
ကျေးဇူးပါ ပန်းအိ ၊၊
By: လမင်းဇော် at Nov 13, 2010
Comment #3
ဂွတ်တယ်ဗျ…………..
By: moehetaung18 at Nov 14, 2010
Comment #5
တစ်ခါတစ်လေ မှာ
ဟစ်အော်သံ အချို့ ကြားမိရဲ့ လား ချစ်သူ
အဲဒါ ဂစ်တာ တစ်လက် နဲ့ ခြေရာဖျက်တဲ့ ငါရယ်ပါ
ကြိုးခြောက်ချောင်းနဲ့ တစ်ညတာသော တစ်ဘ၀စာကိုတည်ဆောက်
အဲဒီလို ည မျိုးဆို ငါ အိပ်မပျော်တတ်ဘူး ၊၊ ၊၊
ချစ်သူ ရယ် . . .
နင်သာ ငါ့ကို မမုန်းခဲ့တာ မှန်ရင်
ဒီကဗျာကို နင်မြင်နိုင်ပါစေကွယ် ၊၊ ၊၊
အရမ်းကောင်းတဲ့ကဗျာလေးပဲ…..ထိတယ်
By: အသဲကွဲမိုး at Jan 7, 2011
Comment #6
nga a twat dot nin yin kwin har aung myay pop.
By: ei lay at Aug 21, 2011
Comment #7
So Great ဆိုတာထက် ပြောစရာအလုံးမရှိ ~~
By: X - ray at Jan 13, 2012
Comment #8
မြေပုံတစ်ချပ်ကို တွေ့ မိရုံနဲ့ 
အဲဒီ ခရီး ကို မရောက်နိုင်ဘူး ဆိုတာ
ငါ့ အတိတ်ခါးခါး များ အရ သိခဲ့ရပြီ
By: NC at Jan 13, 2012
Comment #9
read again,,,
also cry again,,,
really nice
By: ei lay at Jan 13, 2012
Comment #10
whenever i read,,i had to cry
By: ei lay at Feb 9, 2012
Comment #11
!_!
!_!
!_!
By: ei lay at Oct 14, 2012
Comment #12
မြားပစ်သူလဲ ငါပဲ
စေခိုင်းသူလဲ ငါပဲ
မြားမှန်သူလဲ ငါပဲ
နင်သိလား
ဝေဒနာတွေထဲမှာ လျစ်လျူရှုထားခံရခြင်းဟာ
အနက်နဲ ဆုံး နဲ့ အနက်ရှိုင်းဆုံး
နာကျင်မှုမျိုးရှိတယ်
……………………..
အားပေးသွားပါသည်။
By: နွေ at Sep 28, 2013




Comment #1
ဝေဒနာတွေထဲမှာ လျစ်လျူရှုထားခံရခြင်းဟာ
အနက်နဲ ဆုံး နဲ့ အနက်ရှိုင်းဆုံး
နာကျင်မှုမျိုးရှိတယ်
(That’s absolutely Truth. Like It.)