ကြိုနေတဲ့ ငါ့..ရင်ခွင်
ဂစ်တာအို တေးမဆိုတဲ့ည
သံစဉ်တွေခရီးလွန်နေတဲ့အချိန်
ကာရန်တွေ အသက်မဲ့…
ခြောက်လှန့်ဆဲ မင်းအရိပ်တွေက
ရယ်သံသဲ့သဲ့နဲ့
ငါ့..ကိုလှောင်ရယ်နေသလိုပဲ……..
ခါးသက်သက် ၀ိုင်တစ်ခွက်က
ယစ်မူးခြင်းတွေ ခွာချတဲ့အချိန်….
ပြင်းရှတဲ့အလွမ်းတွေက…
တမ်းတခြင်းတွေ စွန့်ခွာတဲ့အချိန်….
ငါ့ အိပ်မက်တွေ
မဲမှောင်ခဲ့တဲ့အချိန်မှာ…
ငါ့အနား.. မင်းမှ မရှိတာ…
အနာဂတ်တွေပျောက်ဆုံး
မျှော်လင့်ချက်တွေ အသက်မဲ့တဲ့အခါ
မလှပတဲ့ ဒဏ်ရာတွေကိုတွယ်ဖက်ရင်း
ကမ်းပျောက်နေတဲ့ငါ….
ဘယ်ဆီကိုကူးခတ်ရမလဲ…
လက်ပန်းမကျပေမယ့်….
ငါ.. နစ်မြုပ်သွားချင်မိပြီ…..
သေချာနားထောင်ကြည့်စမ်း…
ကယ်ပါ ယူပါနဲ့
တမ်းတနေတဲ့ ငါ့ရဲ့ရင်ခုန်သံ
မျက်ဝန်းလှလှလေးတွေကို
မှတ်မိနေသေးတဲ့
ငါ့ရဲ့အသိဥာဏ်တွေက…
နွေးထွေးတဲ့မင်းအပြုံးတွေကို
လိုချင်တပ်မက်နေတုန်းပဲ…..
အဝေးဆုံးကို ထွက်သွားမယ်ဆိုလဲ
အကြည့်တစ်ချက်လောက်တော့
ခြွေချသွားခဲ့သင့်တယ်မဟုတ်လား…..
ပြန်လာတော့…
လွမ်းလှပြီ…
နက်နက်ရှိုင်းရှိုင်း ညဉ်းတွားလိုက်မိတဲ့
ငါ့…နှလုံးသားရဲ့ ငိုရှိုက်သံကို
မင်း..ကြားသိနိုင်မယ်ဆိုရင်…
ရောက်ရာအရပ်က လှည့်ပြန်ခဲ့ပါ….
ကြိုလင့်နေဆဲငါ့ရင်ခွင်က
နွေးထွေးနေတုန်းပဲ……….
Comment #2
ပန်လာတော့…
လွမ်းလှပြီ…
နက်နက်ရှိုင်းရှိုင်း ညဉ်းတွားလိုက်မိတဲ့
ငါ့…နှလုံးသားရဲ့ ငိုရှိုက်သံကို
မင်း..ကြားသိနိုင်မယ်ဆိုရင်…
ရောက်ရာအရပ်က လှည့်ပြန်ခဲ့ပါ….
ကြိုလင့်နေဆဲငါ့ရင်ခွင်က
နွေးထွေးနေတုန်းပဲ……….
By: May Kha at Dec 15, 2011
Comment #3
ပြန်လာတော့…
လွမ်းလှပြီ…
နက်နက်ရှိုင်းရှိုင်း ညဉ်းတွားလိုက်မိတဲ့
ငါ့…နှလုံးသားရဲ့ ငိုရှိုက်သံကို
မင်း..ကြားသိနိုင်မယ်ဆိုရင်…
ရောက်ရာအရပ်က လှည့်ပြန်ခဲ့ပါ….
ကြိုလင့်နေဆဲငါ့ရင်ခွင်က
နွေးထွေးနေတုန်းပဲ……….
အဲဒီစာသားလေးကိုပိုကြိုက်တယ်ဗျ။အားပေးသွားပါတယ်။
By: poem.poem28 at Dec 15, 2011




Comment #1
pyan lar me lay…
kha na kha na sate ma kauk chin bu….
kha na kha na sate nyit aung ma loak par ne naw…..
kha na kha na htwke pyay nay ya tar maw lar p….
he,,he,,,just teasing to the poet.