Professional Authors

နင်မို့လို့ မေ့ရက်တယ်

နင်မို့လို့မေ့ရက်တယ်
နင့်ကြောင့်လူတကာရဲ့ မေးငေါ့ခြင်းတွေကြား
နင့်မျက်နှာ တစ်ခုတည်းနဲ့ ရှင်သန်ခဲ့တဲ့ငါ့ကို…….။

နင်မို့လို့မေ့ရက်တယ်
နင့်အတွက် ကျိတ်ငိုခြင်းကလွဲပြီ…..
နင့်ရှေ့မှာ ပျော်ရွှင်စွာနေပေးခဲ့တဲ့ ငါ့ကို……။

နင်မို့လို့ မေ့ရက်တယ်
ငါ့လိုချင်မှုတွေ ထုတ်ဖော်မပြောခဲ့ဘဲ
နင်အမိန့်တွေနဲ့ ကျေနပ်နေတက်တဲ့ငါ့ကို….။

နင်မို့လို့မေ့ရက်တယ်
နင့်ဘေးမှာ ဘယ်သူရှိရှိ အနှောက်အယှက်မပေးခဲ့ဘဲ
အဝေးကပဲ ငေးနေပေးတက်တဲ့ငါ့ကို…….။

နင်မို့လို့မေ့ရက်တယ်
ငါ့ရဲ့ဘ၀က နင်ပါ လို့မရဲတရဲပြော…..
နင့်ကိုပဲ အမြဲလိုလို အရိပ်တကြည့်ကြည့်ဂရုစိုက်တက်တဲ့ ငါ့ကို……။

နင်မို့လို့မေ့ရက်တယ်
နင်မရှိတဲ့အခါ ရင်ကွဲမတက် ငိုရင်း ……
နင်စိတ်ချမ်းသာမှုတွေပဲ ဖန်တီးပေးတက်တဲ့ငါ့ကို……
နင်မို့လို့မေ့ရက်တယ်………
နင်မို့လို့မေ့ရက်တယ်………
နင်မို့လို့မေ့ရက်တယ်………ချစ်သူရယ်…..။

In: ကဗျာ Posted By: Date: Oct 10, 2010
Comment #1

တော်တော်ချစ်ပုံပဲနော် ။
ကေသရီ ကိုလည်းအဲလောက်ချစ်မဲ့သူ ရှိလာမှာပါ။

commentinfo By: yatu at Oct 10, 2010
Comment #2

ဒီစာသားတွေကို ဖတ်ပြီး အရမ်းခံစားရတယ်

commentinfo By: minmyat at Oct 11, 2010
Comment #3

နင့်မို့လို့မေ့၇က်တယ် ….. မ ကေသ၇ီ good တယ်

commentinfo By: genius.jinx28 at Dec 20, 2010
Comment #4

နင်မို့လို့မေ့ရက်တယ်

commentinfo By: လွမ်းနောင် at May 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment