Professional Authors

ဖြစ်နိုင်ရင် လှည့်မကြည့်နဲ့…

မလာပါနဲ့တော့လား
ငါတကယ်မွန်းကြပ်လို့ပါ
ကြုံလာသမျှငါလက်ခံနိုင်တယ်လို့
နင်မို့တွေးထားရက်ခဲ့တယ်

ဝန်ခံပါတယ်
ရင်မှာထင်ကျန်နေတဲ့
ပုံရိပ်တစ်ချို့ကြောင့်
နင်နေပျော်လား မေးမထွက်ရက်ခဲ့ဘူး

အတ္တတစ်ချို့ကို
ဖုန်းကွယ်ချင်တဲ့ဆန္ဒနဲ့
င့ါခံစားမှုသက်သာစေနိုင်ဖို့
နင့်အကြောင်းတစ်စွန်းတစ်စတောင် မတွေးပဲထားတယ်

ခံစားမှုတွေ မရိုက်ချိုးချင်နဲ့
ဒီနေ့ဒီအချိန် နင်ခံစားရသလောက်တော့
တစ်နေ့နေ့တစ်ချိန်ချိန်က ငါခံစားဖူးမယ်ဆိုတာ
နင်ပြန်တော့တွေးမိကောင်းမှာပါ

………….
တစ်ချိန်က နင်လဲငါ့ကို …. ထား… သွားခဲ့ဖူးတယ်လေ

In: ကဗျာ Posted By: Date: May 30, 2011
Comment #1

မလာပါနဲ့တော့လား
ငါတကယ်မွန်းကြပ်လို့ပါ
ကြုံလာသမျှငါလက်ခံနိုင်တယ်လို့
နင်မို့တွေးထားရက်ခဲ့တယ် …..

commentinfo By: rabbit at May 30, 2011
Comment #2

same to me

commentinfo By: angel at May 30, 2011
Comment #3

ခံစားပေးတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်နော်
angle ရေ ခံစားချက်တူတယ်ဆိုရင်တော့ ဘယ်လောက်ခံစားရမယ်ဆိုတာ နားလည်ပါတယ်

commentinfo By: ငယ်လေး at May 30, 2011
Comment #4

အရမ်းကောင်းပါတယ် ငယ်လေး အားပေးသွားတယ်နော်

commentinfo By: Gipsy Lay at May 30, 2011
Comment #5

Gipsy Lay ရေ…
တကယ်ကျေးဇူးတင်ပါတယ်နော်

commentinfo By: ငယ်လေး at May 31, 2011
Comment #6

ကျွန်တော်အတွက်အကောင်းဆုံးနဲ့ အတိုက်ဆိုင်ဆုံး ကဗျာတစ်ပုဓ် ပါ။
အားပေးနေပါတယ်……….။

commentinfo By: အရိပ်ကလေး at May 31, 2011
Comment #7

ကျေးဇူးပါ အရိပ်ကလေး

commentinfo By: ငယ်လေး at May 31, 2011
Comment #8

ကဗျာကောင်း တစ်ခုပါ ငယ်လေးရေ …

Comment #9

နှစ်သက်စွာအားပေးသွားပါတယ်
ညီမရေ

commentinfo By: အသဲကွဲမိုး at Feb 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment