Professional Authors

ညီမလေးအတွက် …

ညီမလေးရေ ..

မင်းစိုက်ပျိုးတဲ့ မိုးရာသီတွေဟာ

ငါ့ရင်ခွင်တောင်ယာလေးမှာ .. စိမ်းလန်းမြဲပေါ့ ။

 

သန္တာရောင်နံနက်ခင်းတွေတိုင်း

မင်း အပြုံးတော်လေးနား မခစားနိုင်သမျှ

ဒီရင်မှာလေ ..

အနီးမှုန်အလွမ်းတွေပဲထပ်တလဲလဲရိတ်သိမ်းနေရ

ဘယ်လို ဥပေက္ခာ နက္ခတ်နဲ့ကောင် …. ။

 

သင်္ခါရတရားတော်တွေနဲ့ လွတ်ကင်းရာမှာ

ငါ့ရဲ့ စစ်မရောက်ခင် မြှားကုန်

ချစ်ခြင်းတွေရှိတယ် ….

၎.၆ဘီလီယံ မြေထုအောက်မှာ ငါ့မျှော်လင့်ချက်သေတွေ ရှိတယ် ….. ။

 

ဆုံတွေ့ခဲ့ခြင်းက..၀ိညာဉ်လုကျိန်စာ

မတွေ့ရတဲ့နေ့တွေက …

ပူပြင်းတဲ့ ညအိပ်ရာ အစုံပေါ့ … ။

 

ညီမလေး

မင်းကိုယ်တိုင်က မိုးကိုပျိုးရင် ..

ငါ့ရင်ကျိုးအောင် ရွာလှဲ့ပါ့ကွယ် … ။ ။

 

K.T.H

In: ကဗျာ Posted By: Date: Oct 5, 2010
Comment #1

ကိုယ်တိုင်ရေးသာ ဖြစ်ပါသည် ။

commentinfo By: kyitha at Oct 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment