Professional Authors

အရွှေ့

“ချစ်ရတာ ပင်ပန်းတယ်” တဲ့
ငါဘယ်လိုနားလည်ရမှာလဲ

ငါ့ အတွက်တော့ နင့်ကို စွန့်လွှတ်ရတာ
အရာအားလုံးထက် ပိုပင်ပန်းတယ်

ငါအရွှေ့ခံလိုက်ရတာပေါ့….
ဟုတ်လား..
ဟုတ်လား…..

ကိစ္စမရှိပါဘူး
နင်ကျေနပ်မယ်ဆိုရင်
ငါ့နှလုံးသားတွေ ဘယ်လိုပဲဖြစ်သွားပါစေ…
နင်ကျေနပ်စေရမယ်

ငါ့ရဲ့ မနက်ဖြန်တွေမှာ
နင်မရှိတော့ဘူးဆိုတော့
ငါ… ငါ…
မနေ့ကဆိုတာတွေကိုပဲ ပြန်ပြန်ခေါ်ပြီး လွမ်းနေရမှာလား

နဂိုကတည်းက
နင်က အနာဂတ်ကို မကြည့်နဲ့လို့ပြောတာပဲ
အဲ့အချိန်ကတည်းက ငါနားလည်ခဲ့ရမှာပေါ့
ခုတော…ခုတော့…

In: ကဗျာ Posted By: Date: Oct 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment