Professional Authors

ကျမအပျိုကြီးဖြစ်ရသော အကြောင်းရင်း

အလုပ်ကိုအချိန်မှန်သွား၊
ရုံးမှာအားရင်ဂဏန်းလဲမတွက်၊
ရလာတဲ့ပိုက်ဆံကို ဘတ်မထားဘဲအကုန်အပ်၊
လက်ဖက်ရည်ဆိုင်မှာ ထိုင်လို့လဲလေမကန်၊
အလုပ်ပြီးရင်ဘီယာဆိုင်ကိုခရီးမဆက်၊
အချိန်တန်ရင်အိမ်ကိုစောစောပြန်၊
ညဘက်ဆိုရင်လဲ အပြင်ပြန်မထွက်၊

အင်တာနက်ကိုဝင်  ချက်တင်ကလဲ အပိုမရှာ
ကြားထဲမှာကောင်မလေးတွေနဲ့မကြူ

ကွမ်းယာဆိုတာကို သူမစား
ဆေးလိပ်ဆိုဝေလာဝေး
အရက်ဆိုတာသူမသိ
လောင်းကစားကိုလဲဝေးဝေးရှောင်
ဒီလိုလူမျိုးနဲ့တွေ့မလားစောင့်ရင်းနဲ့
မလိုချင်ဘဲရထားတဲ့ အပျိုကြီးကျမဘ၀ပါရှင်။

(မိန်းကလေးများလိုချင်သောခင်ပွန်းဆိုတာလေးကိုဖတ်မိတော့ သည်အတွေးလေးရလာပါတယ်။)
ကိုပေါက်လက်ဆောင် အတွေးစဉ်

In: ကဗျာ Posted By: Date: Jul 14, 2010
Comment #1

ခုအဲဒီအပျိုကြီးက စောင့်ရကျိုးနပ်သွားလားဟင်…..

commentinfo By: မနောဖြူလေး at Jul 14, 2010
Comment #2

kwi,,kwi../
rofl,,

commentinfo By: ei lay at Jan 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment