Professional Authors

ဆတ်တောက်တောက် အလွမ်း

တနင့်တပိုးသယ်လာရတဲ့အိပ်မက်ပါ
ဘာမဟုတ်တဲ့ ဒေသနာ တစိုးတစိနဲ့တော့
စွန့်လော့အသင် လို့လာမပြောနဲ့

ရွာချဖို့ပျိုးထားရတဲ့
တိမ်မူးသက်ပြင်းတပွေ့တပိုက်ကြီးနဲ့တော့
ဤပန်းကလေးကို မတွေ့လိုသေးဘူး
အို….ကဗျာငဲ့
နင်က ငါ့အချစ်ဦးထက် အချစ်ဦးပါ
မျှော်လင့်ချက်တွေနဲ့လောင်ကျွမ်း
ခပ်လှမ်းလှမ်းကပဲ လွမ်းနေရတဲ့ဘ၀။

ကိုယ့်ကလောင်က မင်တစ်စ ကျဖို့အရေး
ဟိုးအဝေးခရီးထွက်ရသလို ခက်ခဲလှတဲ့ဘ၀မှာ
အဝေးက ငါတမ်းမူးရှိုက်ဖို
သက်ပြင်းတွေလည်း အခါခါ ပြိုကျပေါ့။

In: ကဗျာ Posted By: Date: Sep 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment