Professional Authors

သုံးဆယ်သား ထောင့်ရှစ်ရာ ပေးဝယ်ခဲ့သော..

ခုတ်တတ်ရင်
တစ်ချက်တည်းနဲ့ ပြတ်တယ်

ဓါးသွားရယ် လက်ရယ် စိတ်ရယ်
ဒီ 3 in 1 တစ်ထပ်တည်းကျရမဲ့ဖော်မြူလာမှာ
ကျွမ်းကျင်မှုက ခါးပတ်နက်အဆင့်ပဲ

သမာဓိချိန်ခွင်လျှာဆိုတာ သူမလက်ခုပ်ထဲကရေ

လှုပ်ရှားမှုတိုင်းမှာ
ဝတ်ထားတဲ့ လက်ကောက်တွေက
တချွင်ချွင်မြည်တတ်သလို

ပစ်ကျွေးလိုက်မှ  ရန်ထထဖြစ်တဲ့
ဈေးခွေးနှစ်ကောင်ကလည်း
သူမရဲ့ မနီးမဝေးမှ မျှော်လင့်ချက်တွေနဲ့ ငေးနေကြ

လေးနာရီခွဲတာနဲ့ ဘာထွက်သွားလဲ လှမ်းလှမ်းမေး
ဒီနေ့လည်း ကပ်လွဲပြန်တာပဲလား ဂျီးဒေါ်။

(အမည်မသိ ဈေးသည်အဒေါ်ကြီးသို့..)

In: ကဗျာ Posted By: Date: Nov 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment