Professional Authors

အပစ်အခက်ရပ်စဲချင်ပြီကွယ်

အစိမ်းရောင်ဆူးခါးတွေကြားမှာ
ငါဟာငါလို့
မပြောနိုင်လောက်အောင်ပဲ
သက်ပြင်းတွေအခါခါချ

နင့်ကိုမစင်စွန့်သလိုပဲ
စွန့်ချချင်မိလိုက်တာ

ငါဟာအဲဒီလောက်တောင်ပဲ
ဒေါသတွေသင့်နေခဲ့

ဘယ်တော့မှစားလို့မရတော့တဲ့
သဲတစ်ရှပ်ရှပ်အသားတုံးဟာ
နင်မဟုတ်ခဲ့တော့လည်း
ငါဟာအချိန်မရွေးကောက်ယူစားသုံးဆဲပဲ

ကိစ္စတစ်ခုကိုခဏခဏလုပ်မိနေတာ
အခက်ဆုံးအရာတစ်ခုပဲလေ

နင့်ကငါ့ဘဝရဲ့အတော်ဆုံး
နတ်ဆိုးမတစ်ကောင်ပဲ

နင့်ကိုငါမုန်းလွမ်းလွမ်းနေတယ်

In: ကဗျာ Posted By: Date: Dec 21, 2010
Comment #1

ကြိုက်တယ်ဗျို့
အားပေးသွားတယ်နော်
5 မိနစ်ကြိးတောင် ကြာတယ်ဗျ

commentinfo By: မင်းခန့်သူ at Dec 22, 2010
Comment #2

ဒေါသသင့် နေတယ်ဗျာ နည်းနည်းလေးတော့လျှော့ပါ.. အားပေးနေတယ်ဗျာ

Comment #3

eeeeeeeeeee
a me lay…kyauk sa yar g.
sate ko shot par a ko ye.
a ko kaung ma lay dot ma ti bu,,ei lay doe poem fris tway ka dot kyauk kone p.
he,,he,,
sate ko ne ne shot naw.

commentinfo By: ei lay at Jan 14, 2012
Comment #4

ekk
get shock
🙂

commentinfo By: ei lay at Oct 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment