Professional Authors

နင်မှမသိခဲ့တာ

 

နင့်ရဲ့အနီးမှာ ငါရှိနေခဲ့ပေမယ့်

နင့်ရဲ့အပြုံးတွေထဲ ငါ…..လဲကျခဲ့တာ

နင်မှမသိခဲ့တာ…..။

နင်နဲ့ မျက်ဝန်းငါမဆုံရဲခဲ့ပေမယ့်

နင့်ရဲ့အကြည့်ထဲ ငါသေဆုံးခဲ့ဖူးတာ

နင်မှမသိခဲ့တာ……။

နင့်နဲ့အတူစကားတွေပြောဖူးခဲ့ပေမယ့်

နင့်အသံတွေကြားတိုင်း

ရင်ခုန်ခြင်းတွေရှေ့ ဒူးထောက်ခဲ့ဖူးတာ

နင်မှမသိခဲ့တာ……။

နင့်အကြင်နာတွေနဲ့ မရင်းနှီးခဲ့ပေမယ့်

ခင်မင်မှုတွေအစပြုတိုင်း

စိတ်ကူးတွေနဲ့ ငါရူးခဲ့တာ

နင်မှမသိခဲ့တာ…..။

နင့်အချစ်တွေ ငါနားမလည်ပေမယ့်

တခြားတစ်ယောက်နဲ့ နင်ပျော်မြူးနိုင်ဖို့

ငါ့နှလုံးသားကို အကြိမ်ကြိမ်ငါစတေးပေးခဲ့ဖူးတာ

နင်မှမသိခဲ့တာ……။

In: ကဗျာ Posted By: Date: Sep 28, 2010
Comment #1

တကယ်ကောင်းလိုက်တာတာက်လည်းတိုက်ဆိုင်တယ်ငါ့အဖြစ်အပြက်ကိုရေးထားတာကျနေတာပဲ……………..
ဘာပဲပြောပြောကောင်းတာကိုတော့လက်ခံလိုက်ကျပါဗျာ………

commentinfo By: pyae sone at Sep 28, 2010
Comment #2

ငါ့ရင်ထဲဝင်ကြည့်ပြီး ရေးဖွဲ့ထားသလားကွယ်

commentinfo By: Dorcus at Sep 28, 2010
Comment #3

no words to express !!!
so many coincidences …
U r such professional … 🙂
keep it up frd ..

commentinfo By: Myat Noe at Sep 28, 2010
Comment #4

ကျေးဇူးပါ မြတ်နိုး ခံစားမှုတွေနဲ့ ရင်းပြီး ရလာတဲ့ ပီတိတွေအတွက် အခု နေတက်နေပါပြီ

commentinfo By: ကေသရီ at Sep 29, 2010
Comment #5

တခြားတစ်ယောက်နဲ့ နင်ပျော်မြူးနိုင်ဖို့

ငါ့နှလုံးသားကို အကြိမ်ကြိမ်ငါစတေးပေးခဲ့ဖူးတာ

နင်မှမသိခဲ့တာ……။
မကေ…ကောင်းလိုက်တာ။

commentinfo By: poem.poem28 at Jun 24, 2011
Comment #6

ခံစားအားပေးသွားပါတယ် သူငယ်ချင်း ။ ကဗျာကောင်းလေးပါ ။

commentinfo By: yadanar at Jul 28, 2011
Comment #7

နင့်ရဲ့အနီးမှာ ငါရှိနေခဲ့ပေမယ့်

နင့်ရဲ့အပြုံးတွေထဲ ငါ…..လဲကျခဲ့တာ

နင်မှမသိခဲ့တာ…..။

နင်နဲ့ မျက်ဝန်းငါမဆုံရဲခဲ့ပေမယ့်

နင့်ရဲ့အကြည့်ထဲ ငါသေဆုံးခဲ့ဖူးတာ

နင်မှမသိခဲ့တာ……။

နင့်နဲ့အတူစကားတွေပြောဖူးခဲ့ပေမယ့်

နင့်အသံတွေကြားတိုင်း

ရင်ခုန်ခြင်းတွေရှေ့ ဒူးထောက်ခဲ့ဖူးတာ

နင်မှမသိခဲ့တာ……။

commentinfo By: meso at Nov 25, 2012
Comment #8

စောင်းများရေးထားလားသိဘူးနော်

commentinfo By: han mo at Aug 3, 2013
Comment #9

အရမ်းကောင်းတာဘဲ

commentinfo By: naymoemakha at Jul 8, 2014
Comment #10

စကားလုံးတွေက လန်းတယ်ဗျာ။ အားပေးသွားပါတယ်။

commentinfo By: Titan at Jul 10, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment