Professional Authors

သုံးသပ်မှု့ အပိုဒ်ခွဲ………………….၁

ငြီးငွေ့ မှု့ ထုတည်
ကြီးမာလာသူအတွက်
နှစ်သိမ့် မှု့ 
ဝေါဟာရအသစ်ကို
ဘာသာရပ်တစ်ခုသင်သလို
နှုတ်တိုက်ကျက်ပြ
ခါးသက်ခြင်းဟာ
ငါ့ လွယ်အိတ်ထဲမှာ
ဇာတ်ရှိန်ရလာပြီထင်တယ်
အစာအိမ်ရဲ့ 
တိုင်းထွာသက်မှတ်ချက်ကိုလဲ
မျက်နှာလွှဲလွှဲရင်း
ညနေခင်းတွေကို
အမြုပ်တစီစီထနေအောင်
ရိုက်သက်လိုက်တယ်။
ခေါင်းကိုက်တက်တဲ့ 
နိုးထခြင်းအတွက်လဲ
ဘလက်ကော်ဖီများများ
ဖိသောက်မယ်
နုံချာတဲ့ နေ့ ရက်တွေမှာ
ကိုယ့် ကိုကိုယ်
အစုန်ရောအဆန်ရော
စီးဆင်းပစ်လိုက်တယ်။
အပြင်ကိုထွက်ကြည့် လိုက်တော့ 
ဆည်ဝမှာ………………………..
ဗျိုင်းတွေအတောင်တစ်ဖျပ်ဖျပ်ခတ်နေလိုက်ကြတာနော်။။။။။။။
                                                    မင်းလူန

In: ကဗျာ Posted By: Date: Sep 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment