Professional Authors

မေ…………သို့ (၁၁)

ကဗျာတွေငိုနေတယ်မေ……………………..
ငါ့ ရင်ဟာမင်းကြောင့် လို့ 
မစွပ်စွဲချင်ပါပဲ
ရင်ဘတ်ကမင်းနာမည်ကိုတော့ ညဉ်းချင်းတွေ
တနင့် တပိုးထမ်းထားဆဲ
၇ွှတ်ဆိုဆဲပါ
ငါ့ အိမ်မက်တွေကခုဆိုကျိန်စာသင့် တာမဟုတ်တော့ ဘူး
ကျိန်စာဝနေကြပြီ
သူတို့ လဲမျက်ရည်တွေခန်းအောင်ငိုကြွေမှာပါ
မင်းအတွက်ငါလဲငိုနေတယ်
မေ……………..
မင်းကြာဖူးမှာပါ
လွမ်းတာရှိရင်နာတာနဲ့ ဖြေမယ်ပေါ့ 
ဘာပေါ့ ညာပေါ့ 
ငါမင်းကိုစိတ်နာလိုက်တာလို့ 
ငါ ကိုယ်တိုင်တောင်အသံထွက်ပြီးမညဉ်းဖူးခဲ့ သူပါ
စာလုံးတွေထက်မှာ
အက္ခရာတွေနဲ့ သာ
ငိုကြွေးရင်း
ငါ့ ရဲ့ မြစ်မင်းတစ်စင်းက
မျက်ရည်တွေနဲ့ သာ
ခြယ်မှု န်း
ငါ့ နေ့ ရက်တွေမှာမင်းက
စေတန်ဖြစ်နေပေမဲ့ 
ငါ့ နှလုံးအိမ်ထဲမှာတော့ 
ဒီနေ့ ထိဗီးနပ်ပါပဲ
ငါ………
ညာနေတယ်………….မေ
ငါ့ ကိုယ်ငါ
ခဏခဏညာနေတာပါ
ငါမင်းကိုချစ်တယ်
အဲ့ ဒီဒိုင်ယာလော့ ခ်
ငါကိုယ်တိုင်မမြင်ချင်မကြာချင်တော့ ပါဘူး
ငါမင်းကိုမချစ်ဘူး
အဲ့ လိုပဲပြောမယ်.နော်…………မေရယ်
မေ……………………………
ဝမ်းသာစရာတစ်ခုတော့ တွေ့ တယ်
ခုထိငါကလူပျိုကြီးမို့ 
ငါ့ ဘေးမှာ……………….
………………………ဘာပေါ့ ညာ ပေါ့ 
ဒိုင်ယာလောခ်အသစ်တွေနဲ့ မိန်းမပျိုလေးတွေ
ဟောတစ်ယော
ဟောတစ်ယောက်
ငါ့ ညဉ်းချင်းတွေနဲ့ ငါတောင်
ခုမအားတော့ ဘူး……..မေ
မင်းကိုဒီနေ့ မလွမ်းဘူး

မင်းလူန

In: ကဗျာ Posted By: Date: Jul 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment